Ch-20: အမြင့်မှပြုတ်ကျခြင်း။

725 73 0
                                    


Ch-20: အမြင့်မှပြုတ်ကျခြင်း။

မင်းဆိုလိုတာက မျက်မှန်တပ်ထားတဲ့လူက လူသတ်သမားရဲ့ ကိုယ့်ကိုယ်ကို ဖြောင့်မတ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ စရိုက်တွေနဲ့ ကိုက်ညီနေတယ်ပေါ့။" ခေါင်းဆောင်ချန်း၏အမူအရာမှာ ပို၍ လေးနက်လာသည်။

"ဒါတင်မကဘူး။" ယင်ထောင်က ခဏလောက်စဉ်းစားပြီး ဆက်ပြောတယ်။ "သူက လူသတ်သမားရဲ့ ရုပ်သွင်ပြင်နဲ့ ကိုက်ညီတယ်။ သူက အရပ်ရှည်ပြီး အရမ်းစမတ်ကျတယ်။ဒါ့အပြင် သူ့နေ့စဉ်ဘဝက မြို့သစ်ခရိုင်အနီးမှာ လည်ပတ်နေတာ၊တတိယသားကောင်ကျန့်ဝေ အသက်ရှင်စဉ်အချိန်တုန်းက သူ ရှိနေခဲ့တယ်"

ယင်ထောင် ခဏလောက်စဉ်းစားပြီး အမှုသုံးခုရဲ့ အစီရင်ခံစာတွေကို ကောက်ယူလိုက်တယ်။ "လူသတ်သမားက အရမ်းထက်မြက်ပြီး စေ့စပ်သေချာတယ်။ဒါ အဲဒီလူက ကျွန်မကို ပေးခဲ့တဲ့ ခံစားချက်ပဲ၊ သူ ရဲတွေအပေါ် မုန်းတီးမှု တစ်ခုခု ရှိနေတာကို ကျွန်မတွေ့ခဲ့တယ်။သူက လူသတ်သမားမဟုတ်ရင်တောင် သူရဲ့ စရိုက်လက္ခဏာအချို့က သေချာပေါက် လူသတ်သမားနဲ့ကိုက်ညီနေတယ်။ နောက်ထပ် အလားတူ သံသယရှိသူတွေကို ကျွန်မတို့ စစ်ဆေးနိုင်တယ်။"

ခေါင်းဆောင်ချန်း၏စိတ်ဝင်စားမှုက လုံးဝမပျောက်သွားပေ။ "အိုကေ၊ငါ ဂရုတစိုက်စုံစမ်းလိုက်မယ်၊အခုအမှုက သဲလွန်စအတော်နည်းတယ်၊သံသယရှိသူကို လက်လွတ်မခံဘဲ သတိနဲ့သေချာလုပ်ရမယ်"

"ကျွန်မ ပိုင်လော်ကို အဲဒီလူရဲ့ အလုပ်အကိုင်နဲ့ နောက်ထပ် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်ဆေးဖို့ တောင်းဆိုပြီးပြီ။ သူရဲ့အခြားရှုထောင့်တွေကလည်း လူသတ်သမားနဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့ ခန့်မှန်းချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ သူ့ရဲ့လုပ်ရပ်တွေကို ပိုပြီးအာရုံစိုက်သင့်တယ်" ယင်ထောင်၏စကားမဆုံးခင် ပိုင်လော် ပြေးဝင်လာသည်ကို မြင်လိုက်တယ္။

"တွေ့ပြီ!" ပိုင်လော်က ခေါင်းဆောင်ချန်းနှင့်ယင်ထောင် ရှေ့တွင် ပုံနှိပ်စာရွက်တစ်အုပ်ကို ချထားလိုက်သည်။ ထို့နောက် သူမ က အသက်ရူသွင်းရင်း ပြောပြတယ်။ "အဲလူနာမည်က ကျန်းကျင်း၊အသက် ၃၅နှစ်၊ ဗဟိုဆေးရုံမှာ ခွဲစိတ်ဆရာဝန်ပါ။"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now