Ch-54 : ညဘက်ကို ကုန်ဆုံးကြခြင်း။

648 65 3
                                    


Ch-54 : ညဘက်ကို ကုန်ဆုံးကြခြင်း။

"ဟုတ်သား၊ အဖုကို မကုတ်နဲ့၊တစ်ပတ်အတွင်း သက်သာသွားလိမ့်မယ်" ယင်ထောင်က လိမ်းဆေးကို ဖန်ကျင်းဆီသို့ပေး၍ ညွန်ကြား၏။ "မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေး၊မလိမ်းပဲမနေနဲ့"

ဖန်ကျင်း ခေါင်းညိတ်၏။ သူက လိမ်းဆေးကိုယူ၍ အိတ်ကပ်ထဲထည့်လိုက်သည်။

ဒရိုင်ဘာထိုင်ခုံမှာထိုင်ရင်း ဖန်ကျင်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ယင်ထောင်ကိုမေးလိုက်၏။ "မင်းနေထိုင်တဲ့ အိပ်ဆောင်မှာ ညမထွက်ရအမိန့်ရှိတယ် မဟုတ်လား"

ဖန်ကျင်း၏စကားကိုကြားတော့ ယင်ထောင် အချိန်ကိုစစ်ဆေးဖို့ ဖုန်းကို အမြန်ထုတ်လိုက်၏။

"အင်း ညသန်းခေါင်လောက်ရှိပြီ!" အိပ်ဆောင်အတွက် ညမထွက်ရအမိန့်သည် ည ၁၁း၃၀ နာရီဖြစ်သည်။ ထို့အပြင် ပိုင်လော်တွင် တံခါးသော့ခတ်တက်သည့် အလေ့အထရှိသည်။ ပိုင်လော်က သူမ ဒီလောက်နောက်ကျတာတောင် ပြန်မလာရင် ယင်အိမ်ကိုပြန်သွားလိမ့်မယ်ဟု သေချာပေါက်တွေးလိမ့်မည်။

"ငါ မင်းအတွက် အစောင့်ကို ခေါ်ပေးလို့ရတယ်" ဖန်ကျင်းက စိတ်ပျက်နေသော ယင်ထောင်ကိုပြောလိုက်၏။

"ထားလိုက်တော့၊ တခြားသူကိုမနှောက်ယှက်တာ ပိုကောင်းတယ်၊ ပိုင်လော်က အိပ်တဲ့အခါ သေ့ာခတ်ထားတက်တယ် ၊ကျွန်မ ပြန်ရင် သူမနိုးသွားလိမ့်မယ်" ယင်ထောင် ခဏလောက်စဉ်းစား၍ ဖန်ကျင်းကို ကူရာမဲ့စွာ မေးလိုက်၏။ "အစ်ကိုဖန်၊ ဒီအနီးအနားမှာ မိုတယ်ရှိတယ်မလား? ကျွန်မ တညသွားအိပ်လိုက်မယ်"

"မင်း ID ယူလာခဲ့လား?" ဖန်ကျင်း၏စကားက ယင်ထောင်၏မျှော်လင့်ချက်အားလုံးကို ပျောက်သွားခဲ့သည်။

"မယူလာခဲ့ဘူး" ဟော့ပေါ့ စားဖို့ ဘာလို့ သူမရဲ့ID ကိုယူလာရမှာလဲ?

ဖန်ကျင်းက ယင်ထောင်ကို ကားထဲဝင်ဖို့ လက်ဟန်ပြ၍ ဖြေးဖြေးချင်းပြောလာသည်။ "ငါ့အိမ်ကိုသွားစို့၊ ငါ့အိမ်မှာ အခန်းလွတ်တွေ အများကြီးရှိတယ်။ မင်း တစ်ညအနားယူပြီးမှ မနက်ကျရဲစခန်းကိုပြန်ပေါ့"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now