Ch-62 : ဆွေးနွေးကြခြင်း။
နောက်တွင် ထိုင်နေသော ယင်ထောင်က တခစ်ခစ်ရယ်သည်။ ဖန်ကျင်းရဲ့လက်ရှိအသွင်အပြင်က မှောင်ခိုဈေးကွက်နှင့်အမှန်တကယ်ကို လိုက်ဖက်သည်။သူ့မျက်နှာတွင် ဖြောင့်မတ်သောအမူအရာရှိနေသော်လည်း၊ သူ၏ လေးနက်သောအမူအရာသည် ယခင်က တစ်စုံတစ်ဦးကို အမှန်တကယ်သတ်ခဲ့ဖူးပုံပေါ်သည်။
"ကျွန်မတို့လည်း အသွင်ပြောင်းသင့်လား?" ယင်ထောင်က သူမတို့၏ဝတ်စားဆင်ယင်ပုံက မှောင်ခိုဈေးကွက်ထဲက လူတွေလို မဟုတ်ဘူးလို့ ခံစားရတယ်။
"ကောင်းပြီ၊ ညဘက်မှာ မှောင်ခိုဈေးကွက်ထဲ ကာစီနိုရှိပုံပဲ၊ ငါတို့ရုပ်ဖျက်ပြီး ခိုးဝင်ဖို့ ကြိုးစားကြစို့" ဖန်ကျင်းလည်း လည်း သူ့ကိုယ်သူ ဖုံးကွယ်ထားရန် လိုအပ်သည်ဟု ခံစားမိသည်။ ပြောရရင် ယင်ထောင်လည်း ရှိနေတာဖြစ်လို့ အန္တရာယ်တစ်ခုခုကြုံလာရင် မကောင်းနိုင်ပါ။
"အစ်ကိုဖန်၊ လူတိုင်း မှောင်ခိုဈေးကွက်ထဲကို ဝင်လို့မရဘူး မဟုတ်လား။ ကျွန်မတို့ ဘယ်လိုခိုးဝင်ကြမှာလဲ?" မှောင်ခိုဈေးကွက်မှာ ကိုယ်ပိုင်စည်းကမ်းရှိတာ ယင်ထောင် သိတယ်၊ လူတိုင်း ဝင်နိုင်ရင် ရဲတွေအတွက် သဲလွန်စတွေကျန်နေပေမည်။
"ဒါကို အစ်မမသိဘူးလား? ကျွန်တော်တို့ရဲ့သူလျိုက မှောင်ခိုဈေးကွက်ထဲမှာရှိတယ်လေ၊ သူက ဒီည ကျွန်တော်တို့ကို ခေါ်သွားပေးမှာ"
ကျဲယုက ယင်ထောင်ကို ဆန်းကြယ်စွာပြုံးပြသည်။ သူမ နည်းနည်းအံ့အားသင့်သွားသည်ကို ကြည့်ရင်း သူက ထပ်ပေါင်းထည့်၍ပြောလာသည်။ "ခဏနေရင် သူ့ကိုတွေ့လိမ့်မယ်"
ယင်ထောင်တို့ ခေါက်ဆွဲဆိုင်သို့ သွားခဲ့တယ်။ သူတို့သုံးယောက် ဗိုက်ပြည့်တာနဲ့ တူတူ ဈေးဝယ်ထွက်ကြတယ်။
ယင်ထောင်ရဲ့တောင်းဆိုမှုအောက်တွင် ဖန်ကျင်းနဲ့ကျဲယုတို့ သည် ကြယ်ဝမှုနှင့်လိုက်ဖယ်သော အဝတ်အစားများကိုပြောင်းလဲခဲ့တယ်။ ဖန်ကျင်းက အရပ်ရှည်ပြီး ကြယ်ဝဟန်ပုံပေါ်သော အဝတ်အစားကို ဝတ်ဆင်ထားပေမဲ့ အလွန်ကို ခံ့ညားနေသေးသည်။ ကျဲယုက နည်းနည်းပိုဆိုး၏။ သူက အသက်မပြည့်သေးသောကြောင့် ပညာမဲ့ပြီး အရည်အချင်းမရှိသော အမွေဆက်ခံသူနဲ့ခပ်ဆင်ဆင်တူနေလေသည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
Roman d'amourAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.