Ch-90 : တောင်းဆိုမှု။

408 51 0
                                    



Ch-90 : တောင်းဆိုမှု။

ယင်ထောင် သည် နည်းနည်းချီတုံချတုံဖြစ်နေ၏။ အခု ရဲစခန်းမှာ အမှုကို မကူညီနိုင်လို့ ဘာမှထူးထူးခြားခြားလုပ်စရာမရှိပေ။ ထို့အပြင် လင်းကျားရဲ့စိတ်နေသဘောထားနဲ့လေသံ သည် သူမ အား ငြင်းဆန်ဖို့ ခက်ခဲစေ‌သောကြောင့် သူ့တောင်းဆိုမှုကို လိုက်လျောရုံသာ တက်နိုင်ခဲ့သည်။

ယင်ထောင် သူ့ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး လင်းကျားက အဆင့်မြင့်အနောက်တိုင်း စားသောက်ဆိုင်၁ဆိုင်စီ မောင်းသွားခဲ့သည်။ ယင်ထောင် သည် သူတို့၏ 'ရိုးရှင်းသောအစားအစာ' အပေါ် နားလည်မှု ကွာဟချက်ရှိသည်ဟု ခံစားမိသည်။ ဒီလိုစားသောက်ဆိုင်မျိုးက ဈေးသက်သာမည့်ပုံမပေါ်ပါ။

လင်းကျားက မီနူးနဲ့ရင်းနှီးသောကြောင့် ဟင်းအနည်းငယ်မှာယူခဲ့သည်။ မီနူးကို မပေးခင် ယင်ထောင် အတွက် အချိုပွဲ နှင့် သစ်သီးသုပ်ကိုလည်း အထူးမှာယူခဲ့သည်။

"ညီမလေးရှောင်ထောင်၊ ကြည့်ပါဦး၊ တခြားလိုအပ်တာရှိသေးလားလို့"

ယင်ထောင်က ဖျော်ရည်တခွက်မှာယူ၍ မီနူးကို စားပွဲထိုးကို ပြန်ပေးလိုက်သည်။

"ညီမလေးရှောင်‌ထောင်၊ ငါနဲ့အတူ လာစားပေးလို့ ကျေးဇူးတင်ပါတယ်" လင်းကျားက သူ့မျက်မှန်ကို ချိန်ညှိ၍ ပြောလာသည်။ "အမှန်တော့ ဒီနေ့ ငါမင်းကိုဆက်သွယ်တော့မလို့"

ယင်ထောင် သည် လင်းကျားနဲ့ နောက်ဆုံးတခေါက်တွေ့ခဲ့သည်ကို သတိရမိသည်။ ဒီအပတ်ထဲမှာ သူမ၏အကူအညီလိုတယ်လို့ သူ ပြောခဲ့ပုံပင်။ "ဒီတစ်ပတ်ပိတ်ရက်လား? ကျွန်မ ရှင် အရင်ပြောခဲ့တာကို မှတ်မိတယ်"

"ဟုတ်တယ်၊ ငါ့ကို ကူညီဖို့ တခြားသူကို တကယ်ရှာမတွေ့လို့ ညီမလေးရှောင်ထောင် ကို ငါ့ကို ကယ်တင်ပေးဖို့ တောင်းဆိုရတာပါ" လင်းကျား၏လေသံသည် ပြေလျော့သွားသော်လည်း နောက်ပြောင်နေပုံမပေါ်ပေ။

"အစ်ကိုလင်းကျားက ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်မ အကူအညီလိုရင် ပြောသာပြောလိုက်ပါ..." ယင်ထောင် သည် လင်းကျား သူမကို ဘာအတွက်လိုအပ်နေသလဲ မသိပေ။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now