Ch-34 : လွဲချော်ခြင်း။

679 77 1
                                    


Ch-34 : လွဲချော်ခြင်း။

နောက်နေ့မနက် အိပ်ဆောင်ထဲမှာ ပိုင်လော်၏ဖုန်းမြည်သံကြောင့် ယင်ထောင် နိုးလာသည်။

"ပိုင်လော် နိုးနေပြီလား?နင့်ဖုန်း.."

"ဟဲလို" ပိုင်လော်က ဖုန်းပြန်ဖြေ၏။ ဖုန်းထဲမှ ခေါင်းဆောင်ချန်း၏အသံကိုကြားရသောအခါ သူမ ချက်ချင်းပဲပြန်ဖြေလေသည်။ "ဘာ?!ကျန်းကျင်း ပျောက်နေတယ်?"

ပိုင်လော် ကုတင်ပေါ်မှ အမြန်ထလိုက်သည်။ "ကောင်းပြီ ခေါင်းဆောင်။ကျွန်မ လာခဲ့မယ်!"

ယင်ထောင် လည်း ယခု နိုးတစ်ဝက်အိပ်ပျော်တစ်ဝက်ဖြစ်နေ၏။သူမ မျက်ဝန်းတွေကိုပွတ်သပ်ရင်း ပိုင်လော် မြန်မြန်အဝတ်အစားကောက်လဲနေသည်ကို တွေ့ရတယ်။

"ကျန်းကျင်းကို အမြဲတမ်းတစ်ယောက်ယောက် စောင့်ကြည့်နေတယ်မဟုတ်ဘူးလား?" ယင်ထောင်က အဝတ်အစားလဲပြီးသော ပိုင်လော်ကိုကြည့်၍ အံ့ဩတကြီးမေး၏။

"ရက်အနည်းငယ်ကြာတဲ့အထိ သူ အပြင်မထွက်တာကိုစောင့်ကြည့်နေတဲ့ ရဲအရာရှိတွေက သဘောပေါက်သွားတယ်။ တစ်ခုခုလွဲချော်နေတယ်လို့ ခံစားမိပြီး ကျန်းကျင်းရဲ့နေအိမ်ထဲဝင်လိုက်တာနဲ့ အိမ်မှာ ဘယ်သူမှမရှိတာသိသွားတာ"

ပိုင်လော်ကို ကျောပိုးအိတ်ကိုလွယ်၍ ယင်ထောင် ဘက်ကိုလှည့်လိုက်တယ်။ "အရင်ဆုံး ရဲစခန်းကို သွားမယ်။ အကြီးအကဲဝမ်ရှိတယ် လို့ ကြားတယ်။ ကျန်းကျင်း နောက်ထပ်ပြစ်မှုတစ်ခုကျူးလွန်ရင်၊ ငါတို့ရဲ့ဌာနခွဲ ၂ ကို အပြစ်ပေးမှာစိုးမိတယ်"

ယင်ထောင် လည်း ထိုကိစ္စ၏ လေးနက်မှုကို သဘောပေါက်၏။ ပိုင်လော် ထွက်သွားပြီးနောက် သူမ အမြန်ထုပ်ပိုးပြီး ရဲစခန်းသို့ ပြေးသွားခဲ့သည်။

အစည်းအဝေးခန်းအ၀င်ဝသို့ရောက်သောအခါ အကြီးအကဲဝမ်၏ ပြင်းပြင်းထန်ထန်ရှုတ်ချသံကို သူမ ကြားလိုက်ရသည်။

"သံသယရှိသူကိုတောင် ခြေရာခံတာလွတ်သွားတယ်၊မင်းတို့ ဌာနခွဲ၂က စကိတ်စီးနေကြတာလား?!"အကြီးအကဲဝမ် သည် များသောအားဖြင့် ကြင်နာတတ်သော်လည်း ဒေါသထွက်သောအခါတွင် မည်သူမျှ ကျယ်လောင်စွာ အသက်မရူရဲကြပေ။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now