Ch- 73 သံသယရှိသူ။
"ရော့၊ သူရဲ့အချက်အလက်!"
လူလတ်ပိုင်းအရွယ်က နောက်ဖေးခန်းက ထွက်လာပြီး ယင်ထောင် ကို သူ ရေးထားတဲ့ ဖုန်းနံပါတ်နဲ့ စာရွက်လေးတစ်ရွက် ပေးလိုက်တယ်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယင်ထောင်ကိုကြည့်ကာပြောလိုက်သည်။ "မင်းကြည့်ရတာ လူကောင်းပါပဲ၊ အဲလိုလူနဲ့မပတ်သက်နဲ့"
သက်လတ်ပိုင်းအမျိုးသားပြောသည့်စကားသည် ယင်ထောင်၏ စပ်စုချင်စိတ်ကို တုန်လှုပ်စေသည်။ သူမ မှတ်စုကိုယူပြီးနောက် ယင်ထောင်က ညင်ညင်သာသာပြုံး၍မေး၏။ "ဦးလေး၊ ကျွန်မလည်း သူ့ကိုရှာနေတာအကြောင်းပြချက်ရှိပါတယ်၊ ကျွန်မက သူနဲ့မရင်းနှီးပါဘူး၊ ချန်ဖေးက မကောင်းတာတစ်ခုခုလုပ်ခဲ့လို့လား?"
လူလတ်ပိုင်းအရွယ် အမျိုးသားက ယင်ထောင် ကို ကြည့်ကာ သူမသည် အတွေ့အကြုံမရှိသော ကလေးမလေးတစ်ယောက်ဟု ခံစားမိသောကြောင့် သူ့သတိကိုလျှော့ချလိုက်သည်။
"အသေးစိတ်တော့ ငါမသိဘူး၊ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်မှာ လူဆိုးတွေနဲ့တူတဲ့ ယောကျာ်းတချို့အမြဲရှိတယ်" ထိုဦးလေးက ခေါင်းကုတ်ရင်း ဆက်ပြော၏။ "သူပြောင်းတဲ့နေ့မှာ လူဆိုးတစ်ချို့ရဲ့ဖမ်းဆီးခြင်းကို ခံရတယ်၊ သူတို့အားလုံးက နေကာမျက်မှန်၊အနက်ရောင်အဝတ်အစားတွေ ဝတ်ထားကြတယ်၊ ကြည့်ရတာ လူကောင်းနဲ့မတူဘူး"
ယင်ထောင် သည် လူလတ်ပိုင်းပြောခဲ့သော လူမိုက် က ချန်ဖေး ပိုက်ဆံချေးထားခဲ့သော ကျုံးနန် လို့ အစတုန်းကထင်ခဲ့သည်။ သို့သော် သူက လွန်ခဲ့သောရက်အနည်းငယ်က အိမ်ပြောင်းသွားတုန်းက လူမိုက်များကိုတွေ့ခဲ့ကြောင်း လူလတ်ပိုင်းပြောသည်ကိုကြားသောအခါ ထိုလူမိုက်က သေချာပေါက် ကျုံးနန် မဟုတ်ပါ။ ပြောရရင် သူ့ကို ရဲစခန်းကို ထိန်းသိမ်းထားတုန်းပဲ။
သူမ သူ့ကိုရှာ၍ အောက်ခြေအထိ သိအောင်လုပ်ရမည်။
"ဒါဆို ချန်ဖေးရဲ့လက်ရှိလိပ်စာကိုသိလား?" ယင်ထောင် သည် ချန်ဖေး တစ်ခုခုဖြစ်နေသည်ဟု ခံစားမိတယ်။ သူမ သူ့ကိုရှာ၍ အောက်ခြေအထိ ရောက်အောင်လုပ်ရမည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomantizmAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.