Ch-85 စိုးရိမ်စိတ်။

282 49 1
                                    



Ch-85 စိုးရိမ်စိတ်။

"ဆရာ က တာဝန်အပြောင်းအရွေ့ လုပ်ဖို့ ကျွန်မကို တစ်ခါမလိုအပ်ခဲ့ဘူး၊ အခု ကျွန်မ လုပ်ရမဲ့အချိန်ရောက်ပြီလေ" ယင်ထောင် က စုမင် သေဆုံးသူ၏နှာခေါင်းနှင့် ပါးစပ်ကို စစ်ဆေးနိုင်ရန် အလောင်း၏ခေါင်းကို ညင်သာစွာ ကိုင်ထားသည်။

စုမင်က အခြေခံကိုစစ်ဆေးပြီး ယင်ထောင် ကိုပြောလိုက်သည်။ "ငါ့တွေ့ရှိချက်တွေက မနေ့က မှုခင်းဖြစ်ပွားရာနေရာမှာ မင်းတွေ့ရှိချက်တွေနဲ့အတူတူပဲ၊ အဆိပ်သင့်တာ ဒါမှမဟုတ် တရားခံက ကိုယ့်ကိုကိုယ် ကြိုးဆွဲချတာ"

ယင်ထောင်က ဒီလိုကောက်ချက် ထွက်လာသောကြောင့် မအံ့ဩမိပါ။ "သားကောင်ရဲ့ အထောက်အထား အတည်ပြုပြီးပြီလား"

စုမင် က ခေါင်းညိတ်ပြပြီး ရဲတပ်ဖွဲ့က ပေးထားသည့် သေဆုံးသူ၏ အမည်ကို ပြောပြသည်။ "သေဆုံးသူက လီတင်;၊ အသက် ၂၅၊သူနာပြုကျောင်းမှ ဘွဲ့ရပြီး အလုပ်သင်ကာလမှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူမ လူတွေနဲ့အဆက်အသွယ်ပြတ်ခဲ့ပြီး မိသားစုက နိုင်ငံရပ်ခြားမှာ"

"သူမက သူနာပြုတစ်ယောက်လား?" စုမင် ပြောသည့်စကား၏ အဓိကအချက်ကို ယင်ထောင်သိလိုက်သည်။

"အလုပ်သင်ပြီးနောက် သူမ က တရားဝင်ဝန်ထမ်းမဖြစ်လာခဲ့ပဲ ထို့အစား အလုပ်လက်မဲ့ဖြစ်သွားခဲ့တယ်။ ထိုသို့ပြောပြီးနောက် စုမင်က ထပ်ပေါင်းပြော၏။ "ဒါ့အပြင် လီတင်း သေဆုံးချိန်က လွန်ခဲ့တဲ့တစ်ရက်လောက်ကပဲ၊ အလောင်းက ကြီးကြီးမားမား ဆွေးမြေ့ခြင်းမရှိပေမယ့် လီတင်းက ခြောက်လလောက်ကြာအောင် ပျောက်ဆုံးနေခဲ့တာ"

"ဒီကိစ္စတွေကို မှုခင်းစုံစမ်းရေးဌာနကပဲ ဖြေရှင်းလို့ရတယ်။" ဒီတစ်ခါတော့ ရဲစခန်းက အနားယူနိုင်မှာမဟုတ်ဘူးဆိုတာကို ယင်ထောင် သိတယ်။

"ဆရာ၊ ဒီအလောင်းကို စန်းဖန် ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းဝယ်တဲ့နေရာမှာတွေ့တာ၊ ဒီလူသတ်မှုတွေက ဆက်စပ်နေတယ်လို့ ထင်လား။ ဒီအလောင်းဟာ သေပြီးသား စန်းဖန်နဲ့ ဘာမှ မဆိုင်မှန်း ယင်ထောင် ခံစားမိပေမယ့် မှောင်ခိုဈေးကွက်ထဲက လူတွေအပေါ် သံသယရှိနေဆဲပင်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now