Ch-35 : ဖမ်းဆီးတယ်။
"ကျန်းကျင်းက သတိထားတက်သူပါ၊ရာဇ၀တ်မှုမကျူးလွန်မီ သေသေချာချာ စီစဉ်ရန် လိုအပ်လိမ့်မယ်၊အဲဒါကို တွေးကြည့်တော့ ဒီအချိန်အတွင်းမှာ သူနဲ့ ပဋိပက္ခဖြစ်ဖူးသူ တစ်ယောက်ယောက်တော့ရှိလိမ့်မယ်" ကျန်းကျင်းကို ပထမဆုံးတွေ့ဆုံစဉ်အချိန်ကို ယင်ထောင် ပြန်တွေးမိသည်။ အဲဒီအချိန်တုန်းက ကျန်းကျင်း၏အကြည့်က လူတစ်ယောက်ကို သတ်ချင်နေသည်နှင့်တူသည်ဟုခံစားမိခဲ့သည်။
"အသားကင်ဆိုင်မှာ လျှို့ဝှက်ဓာတ်ပုံရိုက်တဲ့လူ!" ပိုင်လော် က ရုတ်တရက် နိုးလာပြီး သူမရဲ့ လေသံက နည်းနည်းတုန်ယင်နေ၏။
"ဟုတ်တယ်၊ ကျွန်မတို့ ကျန်းကျင်းကို ရှာမတွေ့ပေမယ့် သူ့နောက်ပစ်မှတ်ကို ကျွန်မတို့ရှာနိုင်တယ်" ယင်ထောင် သည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်တဲ့ ခေါင်းဆောင်ချန်းဆီသို့လှည့်၍ပြောလိုက်သည်။ "ခေါင်းဆောင် လျို့ဝှက်ဓာတ်ပုံရိုက်သူကို အရင်က ရဲစခန်းကိုခေါ်သွားခဲ့တယ်၊သူ့ကို အလွယ်တကူရှာတွေ့သင့်တယ်!"
"ကောင်းပြီ၊ပိုင်လော်၊မင်းနဲ့ရှကျင်းတို့ သွားပြီး လျှို့ဝှက်ဓာတ်ပုံရိုက်တဲ့လူရဲ့ အချက်အလက်ကို သွားယူပါ" ခေါင်းဆောင်ချန်း လည်း နည်းနည်းတုန်လှုပ်နေ၏။ "သူ့တည်နေရာကို အမြန်ဆုံးအတည်ပြုပါ။"
"ဟုတ်ကဲ့!" ပိုင်လော်နဲ့ရှကျင်းတို့ အစည်းအဝေးခန်းမှ အမြန်ထွက်သွားကြသည်။
ခေါင်းဆောင်ချန်းသည် ကျောင်းသားတစ်ယောက်နှင့်တူသည့် ယင်ထောင်ကိုကြည့်ရင်း ချီးကျုးတော့သည်။ "ဒေါက်တာယင် မင်း ဒီတခေါက် တကယ်ပဲ အောင်မြင်မှုကြီးကြီးလုပ်ပေးတာပဲ!"
"တရားခံကို ဖမ်းနိုင်သရွေ့တော့ ကောင်းတယ်။ စတုတ္ထသားကောင်ကို ကျွန်မလည်း မတွေ့ချင်ဘူး။" ကျန်းကျင်း သတ်သည့်လူအားလုံးသည် အတိုင်းအတာတစ်ခုအထိ ပြဿနာရှိတယ်ဆိုတာ ယင်ထောင် သိပေမယ့် သူတို့ က သေဖို့မထိုက်တန်ပါပေ။
စုံထောက်အဖွဲ့နှစ်ဖွဲ့လုံး အလုပ်ဆင်းခဲ့ကြသည်။ ယင်ထောင်သည် ကားမောင်းသမားလီချောင်၏ ကိုယ်တွင်းအရည်စစ်ဆေးမှုအစီရင်ခံစာကို ရယူရန် ခွဲစိတ်ခန်းသို့ သွားခဲ့သည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.