Ch-47 : စန်းဖန်
စုမင်က ဓာတ်ပုံကပ်ထားသော အစီရင်ခံစာကို ယင်ထောင်ဆီကိုပေးလိုက်သည်။ "တစစီလုပ်ထားတာက လူတစ်ယောက်တည်းက လုပ်တာမဟုတ်ဘူးဆိုတာ ငါတို့တွေ့ပြီးပြီ ၊ဒါပေမဲ့ ဒီနေ့တော့ လူနှစ်ယောက်ထက်မနည်းပါဝင်ပတ်သတ်နေတာကို ငါ ရှာတွေ့ခဲ့တယ်၊အနည်းဆုံး ကိရိယာ ၃ မျိုးလောက်ကိုအသုံးပြုထားတယ်"
ယင်ထောင်သည် ရင်ခွဲစစ်ဆေးခြင်းအစီရင်ခံစာရှိ ရုပ်ပုံကိုကြည့်၍ စုမင် ထောက်ပြသည့် ပြသာနာကိုနားလည်သွားသည်။
"အရေပြားပေါ်မှ လှီးဖြတ်ထားသော အရိုးများ ပျက်စီးနေတာကို ကြည့်ရသလောက် ဖြတ်တောက်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေက ဓား၊ ပုဆိန်နဲ့လွှတွေဖြစ်တယ်"
စုမင်က ခေါင်းညိတ်၍ ပြောလာသည်။ "ဒါ့အပြင် လှီးဖြတ်တဲ့ နေရာမှာ ကြီးမားတဲ့ ခြားနားချက် ရှိတယ်။ စန်းဖန်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကလွဲလို့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ က သွေးတွေကို ကြိုတင်ကိုင်တွယ်ထားကြတယ်၊သွေးကြောတွေ အရမ်း သန့်ရှင်းတယ်။ ပြီးတော့ ဖြတ်တောက်ထားတဲ့အပေါ်ယုံလွှာက သိပ်မပျက်စီးဘူး"
စုမင်၏ကောက်နှုတ်ချက် သည် ဖန်ကျင်း၏ခန့်မှန်းကို ထပ်လောင်းအတည်ပြုခဲ့သည်။ စန်းဖန်နဲ့တခြားသူများကို သတ်သူမှာ တခြားသူဖြစ်ပေသည်။
"ဆရာ၊ ဒီနေ့ ခေါင်းဆောင်ဖန် နဲ့ကျွန်မ လူသတ်သမားက စန်းဖန် ကိုယ်တိုင်ဖြစ်နိုင်ချေအရမ်းများတာကို ရှာတွေ့ခဲ့တယ်" ထို့ကြောင့် ယင်ထောင်က စုမင် ၎င်းကိုရှာတွေ့သောအခါ အထူးမအံ့ဩမိခြင်းဖြစ်သည်။ ဆရာ က ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကို လုပ်ခဲ့သည်ဟုပဲ ခံစားမိခဲ့တယ်။
"သေဆုံးတဲ့အချိန်တွေကို ကြည့်လိုက်တော့ စန်းဖန်က တကယ့်ကိုသံသယဖြစ်ဖို့ကောင်းတယ်၊ အဲဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အချိန်အကြာကြီး သိမ်းဆည်းထားခဲ့တယ်။ တွေ့ရှိတဲ့အခါမှာတော့ ပလတ်စတစ်ပုံးရဲ့ တစ်ဝက်လောက်ဟာ ရေတွေနဲ့ ပြည့်နေခဲ့တယ်။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ပိုထိန်းသိမ်းဖို့အတွက် သူတို့ ရေခဲကို အသုံးပြုထားမှာပဲ"
![](https://img.wattpad.com/cover/365682519-288-k334142.jpg)
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.