Ch-80 : သဘောတူညီချက်

354 49 1
                                    



Ch-80 : သဘောတူညီချက်

ဖန်ကျင်း အရမ်းခက်ခဲတာကို ယင်ထောင် မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ သည် ဖုန်း contact ကိုကြည့်၍ သူ့ရှေ့ ယမ်းပြတယ်။ "ကြည့်၊ ရှင့်နံပါတ်ကို အမြန်ခေါ်ဆိုဖို့ သတ်မှတ်ပြီးပြီ၊ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မ ရှင့်ကို ချက်ချင်းအကြောင်းကြားမှာပါ"

ဖန်ကျင်း က သူ့ရှေ့က ဖုန်းကိုင်ထားသော မိန်းကလေးကို ကြည့်ရင်း သူ့ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူက သက်ပြင်းချ၍ ယင်ထောင်ကိုပြောလိုက်သည်။ "မင်းရှေ့ ငါ ချက်ချင်း မပေါ်လာနိုင်ဘူးလို့ ငါပြောပြီးပြီ၊ ငါ မင်းကို အချိန်မီ မကယ်နိုင်ရင်..."

ဖန်ကျင်း သည် သူ့အစ်ကို အသတ်ခံရချိန် အပါအဝင် ကြောက်စရာကောင်းသော အရာများစွာကို တွေးခဲ့သည်။

ဖန်ကျင်းရဲ့လေးလံသော အမူအရာကို ကြည့်ရင်း ယင်ထောင် ရှေ့သို့ လှမ်းလာပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ သူ့လက်ကိုညင်သာစွာ ခါယမ်း၍ အပြုံးဖြင့် "အစ်ကိုဖန်၊ ကျွန်မက တကယ်ကံကောင်းတာနော်၊ ငယ်ငယ်တုန်းက ဗေဒင်ဆရာတွေက ကျွန်မရဲ့ကံကြမ္မာက အရမ်းကောင်းတာတဲ့။ မကောင်းတဲ့ကံကို ကောင်းတဲ့ကံအဖြစ် ကျွန်မက ပြောင်းလဲလိမ့်မယ်တဲ့"

ဖန်ကျင်း သည် ယင်ထောင်၏အပြုအမူလေးကို သဘောကျသွားသည်။ သူက လက်ကိုမြှောက်၍ ယင်ထောင်ရဲ့ခေါင်းကို ထိလိုက်သည်။ သူက ပြုံး၍ပြောတယ်။ "မနက်ဖြန်ကစပြီး မင်းရဲ့ကံကြမ္မာအတွက် နောက်ထပ်အာမခံအလွှာတစ်ခု ထပ်ထည့်မယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ နေ့တိုင်း နှစ်နာရီလောက် သင်ယူရမယ်။ တစ်ရက်တောင် မလွတ်စေနဲ့။"

ဖန်ကျင်း စနောက်တာမဟုတ်ဘူးလို့ ယင်ထောင် ခံစားမိတယ်။ မိမိကိုယ်ကို ခုခံကာကွယ်မှု စွမ်းရည်အချို့ကို သင်ယူခြင်းသည် မကောင်းတာမဟုတ်ပေမဲ့ သူမ၏ သေးငယ်သောခန္ဓာကိုယ်က တောင့်မခံနိုင်မည်ကို စိတ်ပူမိသည်။

"အစ်ကိုဖန်၊ ကျွန်မတို့ နေ့တိုင်း တနာရီလောက်ပဲ လေ့ကျင့်ရင်ကော?"

"မနက်ဖြန်မနက်က စပြီး ၂နာရီ။"ဖန်ကျင်း၏ လေသံမှာ ညှိနှိုင်းမရပေ။ ယင်ထောင် ခေါင်းငုံ့၍ ဖန်ကျင်း အနောက်ကလိုက်လာကာ မြို့ကို ပြန်လာခဲ့တယ်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now