Ch-66 : နောက်ယောင်ခံလိုက်လာကြတယ်။
"ကျေးဇူး" ယင်ထောင် အင်္ကျီမှ နွေးထွေးမှုကိုခံစားမိကာ စိုးရိမ်စိတ်များပြေလျော့သွားသည်။
"ဘော့စ်၊ ကျွန်တော်တို့အနောက်ကို လိုက်နေပုံပဲ" ကျဲယု၏ကားမောင်းစကေးက အလွန်ကောင်းသည်။ သူက အမြန်အဆန်မောင်းနှင်ခဲ့ပေမဲ့ အခု သူတို့၏ ၁၀မီတာခန့်အကွာမှ အနက်ရောင်ကားတစ်စီးသည် အဆက်မပြတ်အရှိန်ဖြင့်လိုက်လာခဲ့တယ်။
ဖန်ကျင်းနဲ့ယင်ထောင်တို့ ကားနောက်ကြည့်မှန်မှတဆင့် သူတို့နောက်မှကားကိုမြင်လိုက်သည်။
"စောနက တွေ့ခဲ့တဲ့ ဂျန်ရှင်းများလား?" ယင်ထောင်က ထိုလူ ဒီလိုလုပ်နိုင်တယ်လို့ခံစားမိတယ်။
"မဟုတ်ဘူး၊အဲဒီကားက ယွမ် ၅၀၀,၀၀၀ ထက် မပိုဘူး၊ လောင်းကစားရုံကဖြစ်လောက်တယ်" ဖန်ကျင်း သတိကပ်ထားသည်။ သူ က ယိုင်ကျလာကာ GPSတွင် လိပ်စာအသစ်ရိုက်ထည့်၍ ကျဲယုကိုပြောလိုက်သည်။ "အဲနေရာကို အရင်မောင်း ပြီးမှ ငါတို့စကားပြောကြမယ်"
ကျဲယုက ခေါင်းညိတ်၍ အရှိန်မြှင့်လိုက်သည်။
"ကာစီနိုက ကျွန်မတို့ရဲ့ အထောက်အထားတွေကို ရှာတွေ့သွားတာများလား?" ဒီညရဲ့ အတွေ့အကြုံက နည်းနည်းတော့ မမှန်ဘူးလို့ ယင်ထောင် ခံစားရတယ်။ သူမသည် ယခုလို အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးပေ။
"မဟုတ်ဘူး၊ သူတို့က ပိုသတိရှိတာ" ဖန်ကျင်းက ယင်ထောင်ကိုကြည့်၍ နှစ်သိမ့်ပေးသည်။ "တကယ်လို့ ငါတို့ရဲ့ အထောက်အထားတွေကို သူတို့ တကယ်ရှာတွေ့ခဲ့ရင် ငါတို့ကို ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး"
သူမ အနားက ဖန်ကျင်းကိုကြည့်ရင်း သူ့ကိုနားမလည်သောအများကြီး ကျန်နေသေးတယ်လို့ ခံစားရတယ်။
"အစ်ကိုဖန်၊ ရှင် အရင်က ကာစီနိုဝိုင်းကို တကယ်ရောက်ဖူးတာလား? ဘာလို့ ဒီလောက်သိနေတာလဲ?" ယင်ထောင်က ကျဲယု သိချင်နေတဲ့ အရာတစ်ခုကို မေးလိုက်တယ်။ ကျဲယုက ကားမောင်းရင်း ဖန်ကျင်းနဲ့ယင်ထောင်တို့ကြားက စကားဝိုင်းကို နားစွင့်ထားသည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.