Ch-27 : ပရော်ဖက်ရှင်နယ်။
"မင်းတို့တစ်ယောက်နဲ့တစ်ယောက် သိကြတာလား?" ခေါင်းဆောင်ချန်းက ယင်ဟောင်နှင့်ဖန်ကျင်း ကြားက စကားပြောသံကိုကြားသောအခါ ယင်ဟောင် အား အပြုံးဖြင့်မေးတယ်။ "မင်းက ဒေါက်တာယင်ရဲ့အစ်ကိုကြီးလား?"
"ဟုတ်ပါတယ် ခင်ဗျာ၊ယင်ထောင်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်" ယင်ဟောင်က သူ့ရှေ့က လူလတ်ပိုင်း ရဲအရာရှိကို ကြည့်ရင်း ယဉ်ကျေးစွာ ပြော၏။
"ဟေ့ မင်းညီမကို လျှော့မတွက်နဲ့။ ငါတို့ ဌာနခွဲ၂က လူတိုင်း ဒေါက်တာယင်ရဲ့ကျွမ်းကျင်မှုကို သံသယမဝင်ရဲကြဘူး၊သူမရဲ့မိသားစုက သူမအပေါ် နားလည်မှုပိုရှိသင့်တယ်၊ဒေါက်တာယင်က အရမ်းကြိုးစားတယ်။" ယင်ထောင်၏မိသားစုက သူမ၏အလုပ်ကိုသဘောမတူပုံပေါ် သည်ကို ခေါင်းဆောင်ချန်း နားမလည်နိုင်ပါ။ သူ့မှာ ဒီလို အလုပ်ကြိုးစားတဲ့ သမီးလေးရှိရင် ပံ့ပိုးပေးမှာ သေချာတယ်။
"တကယ်လား? ကျွန်တော် ရှောင်ထောင် အလုပ်လုပ်ပုံကိုတစ်ခါမှ မမြင်ဖူးဘူး" ယင်ဟောင် သည် သူ့ညီမလေးကို တစ်ယောက်ယောက်က ချီးမွမ်းတာကိုကြားတော့ အရမ်းပျော်သွားတယ်။ သူက လှည့်ကြည့်၍ ဖန်ကျင်းကို ပြောတယ်။ "ဖန်ကျင်း၊ငါ တချက်သွားကြည့်လို့ရမလား?"
"ဟုတ်ပါတယ်၊ ဒါက မူလရာဇ၀တ်မှုခင်းမဟုတ်ဘူး။ နောက်ကွယ်မှာ ဘာသဲလွန်စမှ မရှိဘူး။"ဖန်ကျင်းက အင်္ကျီအဖြူလဲလိုက်သော ယင်ထောင်ကိုကြည့်ရင်း နည်းနည်းစပ်စုချင်လာတယ်။
သူတို့ သုံးယောက် အနားကို ရောက်သွားတော့ ယင်ထောင်က ပြိုကျပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ စစ်ဆေးနေတာကို တွေ့ရတယ်။
"သူ့အဆုတ်ထဲမှာ ရေတွေရှိတယ်၊ ခန္ဓာကိုယ်က ပြင်းထန်စွာ ပြိုကွဲနေပြီ။ သူ့မျက်နှာက ဖောင်းနေပြီး ရင်ဘတ်နဲ့ ဝမ်းဗိုက်က ဖောင်းနေတယ်။ သေဆုံးချိန်က လွန်ခဲ့တဲ့ ၅ရက်၊၇ရက်လောက်ကပါ" ပိန်ပိန်ပါးပါး ယင်ထောင်က အရပ်ရှည်ရှည်နှင့် ဖောင်းပွပျက်စီးနေသော ခန္ဓာကိုယ်ရှေ့တွင် ငုတ်တုတ်ထိုင်နေ၏။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
Roman d'amourAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.