Ch-49 :လမ်းသရဲများ
ရှီဖန် က အဖွဲ့ကို ဟော့ပေါ့စားသောက်ဆိုင်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ညအချိန်ဖြစ်သောကြောင့် စားသောက်ဆိုင်တွင် လူစည်ကား၏။
သူတို့ထဲက အနည်းငယ် သည် အတွင်းဆုံးခုံကို ရွေးပြီး ပိုတိတ်ဆိတ်နေခဲ့တယ်။
"ဖန်ကျင်း၊City A က သိပ်မကြာသေးခင်က မငြိမ်းချမ်းဘူး၊မင်းတို့ရဲတွေ အရမ်းအလုပ်များနေတယ်မဟုတ်လား?" ရှီဖန်က ယင်နင်းဘေးတွင် ထိုင်၍ ဖန်ကျင်းကိုမေးသည်။
"တကယ် အလုပ်ရှုပ်နေတာ မဟုတ်ရင် ငါ ရဲစခန်းက နောက်ကျမှထွက်လာမှာမဟုတ်ဘူး" ဖန်ကျင်းက ယင်ထောင်အတွက် သစ်သီးဖျော်ရည်တစ်ခွက်ကို လောင်းထည့်လိုက်သည်။ သူ့လုပ်ရပ်ကြောင့် လူအများ၏ အာရုံကို ဖမ်းစားခဲ့သည်။
!!
"အစ်ကိုဖန်၊ မင်းတို့စုံထောက်တွေ ဒီအချိန် အလုပ်ရှုပ်နေတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ညီမလေးရှောင်ထောင်က ဘာလို့ ဒီလောက်နောက်ကျနေတာလဲ? မင်းကို အဖော်ပြုပေးတာများလား?" ကျင်းချန်းက ယင်ထောင်နဲ့ဖန်ကျင်းကြားက ဆက်ဆံရေးကို နည်းနည်းသိချင်နေ၏။
မူလက သူ့တွင် ယင်ထောင် အပေါ် အထင်အမြင်ကောင်းရှိခဲ့တယ်။သူမက ဖန်ကျင်းနဲ့တကယ်ပတ်သတ်နေတာဆိုရင် သူမနဲ့ပြန်ရင်းနှီးဖို့ သူ့အတွက် အလွန်ခက်ခဲလိမ့်မယ်။
ဖန်ကျင်းက သူမ၏မိသားစုတွေ သူမ၏အလုပ်ကိုအားမပေးသည်ကို သိရှိပြီး ယင်ထောင်ကို တချက်ကြည့်လိုက်သည်။
"မင်း ဗိုက်မဆာဘူးလား? အစားစားဖို့အာရုံစိုက်၊ မင်း မှာဘာလို့ မေးစရာတွေ ဒီလောက်များနေတာလဲ?"
ဖန်ကျင်းက ပြောပြီးနောက် ကျင်းချန်းက ကူရာမဲ့စွာ နှုတ်ခမ်းစေ့၍ ယင်ထောင်ကို အပြုံးဖြင့်ပြောလိုက်သည်။ "ညီမလေးရှောင်ထောင်၊ နေ့တိုင်း အစ်ကိုဖန်နဲ့မျက်နှာချင်းဆိုင်ရတာ မပျင်းဘူးလား? သူက လုံးဝကို သစ်သားတုံးတစ်တုံးနော်"
ယင်ထောင် အရှေ့က ယောက်ျားကို ကြည့်လိုက်တော့ သူ့မှာ မက်မွန်ပွင့်လှလှ မျက်လုံးတစ်စုံနဲ့ လိုက်ဖက်သောအပြုံးလေးတစ်ခုရှိနေသည်။သူမ မထိန်းနိုင်တော့သလိုခံစားလိုက်ရတယ်။မူရင်းစာအုပ်ထဲတွင် ကျင်းချန်းက ပလေးဘွိုင်းတစ်ဦးဖြစ်သည်။ယင်ထောင် တကယ်ပဲ သူ့အပေါ် အထင်အမြင်ကောင်းမရှိပါပေ။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
Roman d'amourAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.