Ch-38 : ရာထူးတိုးခြင်း။

864 95 0
                                    


Ch-38 : ရာထူးတိုးခြင်း။

"အာ?" ပိုင်လော်၏စကားကိုကြားတော့ ယင်ထောင်၏မေးရိုးပြုတ်ကျမတက်ဖြစ်သွားသည်။

"အာ ဆိုတာကဘာကိုလဲ?" ပိုင်လော် က ယင်ထောင်၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေသည်ကိုမြင်ပြီး ရှင်းပြတယ်။ "သူ့ကို ငါတို့ အချိန်မှီ ဖမ်းနိုင်ခဲ့တာ နင်သိလား?ငါတို့ တမိနစ်သာနောက်ကျခဲ့ရင် စတုတ္ထမြောက်သားကောင် သေသွားနိုင်တယ်"

"ရှကျင်းနဲ့ငါ ရဲစခန်းမှာ လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့သူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ရှာတွေ့ခဲ့ပေမယ့် သူ့ကို လုံးဝ ဆက်သွယ်လို့ မရခဲ့ဘူး" ပိုင်လော်က ယင်ထောင်ကို လှေကားထစ်များပေါ်သို့ဆွဲလာရင်း ဆက်ပြောတယ်။ "ငါတို့ ခေါင်းဆောင်ချန်းကို ဆက်သွယ်ပြီး လျှို့ဝှက်ဓာတ်ပုံရိုက်သူရဲ့ နေအိမ်ကို ရှာတွေ့ခဲ့တယ်၊ငါတို့ အိမ်ထဲအတင်းဝင်ချိန် ကြိုးဆွဲချခံရသူနဲ့နောက်ထပ်ပြစ်မှုတစ်ခုကျူးလွန်တော့မယ့် ကျန်းကျင်းကိုတွေ့ခဲ့တယ်"

"ငါတို့လက်နဲ့ကိုယ်တိုင်ဖမ်းခဲ့တာနော်၊သက်သေပြဖို့တောင်မလိုတော့ဘူး" ပိုင်လော်နဲ့ယင်ထောင်တို့သည် အစည်းအဝေးခန်း တံခါးဆီသို့ လျှောက်လာပြီး မဝင်မီ တံခါးခေါက်လိုက်သည်။

"ဒေါက်တာယင်၊မင်းရဲ့ မြန်ဆန်တဲ့ တွေးခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါတို့ ခရိုင်မှာ နောက်ထပ် သားကောင် ရှိလိမ့်မှာ" အကြီးအကဲဝမ် သည် ခေါင်းဆောင်ချန်း၏အမှုဖော်ပြချက်ကို နားထောင်ခဲ့ပြီး သူ့ရှေ့က အမျိုးသမီးလေးကို လေးလေးစားစားကြည့်နေလေ၏။

ယင်ထောင်က အသက်ငယ်ငယ်သာရှိသေးပေမဲ့ စိန်ခေါ်မှုတစ်ခုရင်ဆိုင်ရချိန်တွင် အေးအေးဆေးဆေးနေနိုင်ပြီး တွေးတောနိုင်သောသူမှာ အလွန်ရှားပါးလှသည်။

"အကူအညီရလို့ ဝမ်းသာပါတယ်။" ယင်ထောင် နည်းနည်းရှက်သွား၏။ သူမသည် အလင်းရောင်ထဲတွင် ရှိနေသည့် ခံစားချက်ကို အသားမကျပါပေ။

"နှိမ့်ချမနေနဲ့၊ရှောင်ယင်၊ဒီတစ်ခါတော့ မင်းကို ချီးမွမ်းရုံတင်မကဘဲ မင်းကို ထမင်းကျွေးခိုင်းမလို့၊ ပိုင်လော်နဲ့ရှောင်ရှတို့ကိုလည်း ကျွေးရမယ်၊ပိုဈေးကြီးလေ ပိုကောင်းလေပဲ!"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now