Ch-60 ဆေးရုံ။

553 54 0
                                    


Ch-60 ဆေးရုံ။

"ထွီး!" ကျုံးနန် ဖန်ကျင်းရဲ့ရိုက်ချက်ကြောင့် ပါးစပ်ထောင့်တွင် သွေးထွက်သွားခဲ့သည်။ သူက ပါးစပ်ထဲက သွေးတွေကိုထွေးထုတ်၍ မြေပြင်ပေါ်က ယင်ထောင်ကို ကြည့်နေ၏။ သူက ခက်ထန်စွာကြည့်၏။ "မင်းမှာ ငါ့ဆီက အချက်အလက်ရယူဖို့ကြိုးစားတဲ့နေရာမှာ အတွေ့အကြုံသိပ်မရှိသေးဘူး!"

ကျုံးနန်က နောက်ဆုံးအခိုက်အတန့်တွင် အခြေအနေကိုနားလည်သွားခဲ့တယ်။မျက်နှာဖြူဖျော့နေသော ယင်ထောင်ကိုကြည့်၍ သူက ပြုံး၏။ "ညီမလေး၊ မင်း ငါနဲ့အိပ်ဖို့စဉ်းစားရင် ငါမင်းကိုအားလုံးရှင်းပြမယ်"

"ကောင်းကောင်းပြုမူပါ!" ရဲအရာရှိများ သည် ကျုံးနန် အား တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားကာ ဖန်ကျင်း သူ့ကို ထပ်ထိုးမည်ကိုစိုးရိမ်နေကြ၏။

"ခေါင်းဆောင်ဖန်၊ ငါတို့ သတိလွတ်သွားခဲ့လိုပါ၊ အဲကောင် သော့ဖြည်တက်မယ်လို့ မထင်ထားခဲ့ဘူး" ရဲအရာရှိများက ကျုံးနန် ထိုင်ခုံကနေလွတ်မြောက်၍ တစ်စုံတစ်ယောက်ကို ထိခိုက်လုနီးပါးဖြစ်မည်ဟု လို့ မထင်ထားချေ။

ဖန်ကျင်းက သက်ပြင်းချ၍ ကျဲယု တွဲကူထားသော ယင်ထောင်ကိုကြည့်လိုက်၏။ "ငါ ရှောင်ယင်ကို အရင်ဆုံးဆေးရုံလိုက်ပို့လိုက်ဦးမယ်၊"

ဖန်ကျင်းက ယင်ထောင်အား စစ်ဆေးမေးမြန်းခွန်းကထွက်လာရာတွင် ကူညီပေးတယ်။ သူ့မျက်နှာထက် မှုပ်ကုပ်ကုပ်အကြည့်မျိုးရှိနေ၏။ တခြားရဲအရာရှိတွေက သူ့ကိုစကားမပြောရဲကြပေ။

ကားပေါ်တွင် ယင်ထောင်က တီးတိုးပြော၏။ "အစ်ကိုဖန်၊ ကျွန်မ တကယ်ကိုအဆင်ပြေပါတယ်၊ ကျွန်မ လန့်သွားရုံပါ၊ ဒဏ်ရာမရဘူး"

ယင်ထောင်က ဆရာဝန်တစ်ဦးဖြစ်သောကြောင့် သူမ၏အခြေအနေနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိ၏။သူမ ထိခိုက်ဒဏ်ရာမရခဲ့ပဲ ထိတ်လန့်ရုံသာဖြစ်၏။ဒါပေမဲ့ အခု သူမ လုံးဝသက်သာနေပြီ။

"ဦးနှောက်ဒဏ်ရာက အရမ်းပြင်းထန်တယ်၊ သေချာအောင် ဓာတ်မှန်ရိုက်ကြစို့" ဖန်ကျင်းရဲ့လေသံက အလွန်လေးနက်သောကြောင့် ယင်ထောင်ဘာမှမပြောတော့။ သူမ ဖန်ကျင်းရဲ့အနားတွင် နာနာခံခံ ထိုင်နေခဲ့တယ်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now