Ch-83 ကားဝင်း။

307 49 4
                                    



Ch-83 ကားဝင်း။

ယင်ထောင် သည် လူလတ်ပိုင်းဦးလေးက ဖန်ကျင်းရဲ့အကြည့်ကို မရှောင်ခဲ့သလို ဘာကိုယ်လက်လှုပ်ရှားမှုမှ မလုပ်ခဲ့တာ သတိပြုမိသည်။သူက ထိတ်လန့်နေခဲ့ပြီး အကာအကွယ်ကိုရယူလိုသကဲ့သို့ ကြောက်လန့်နေတာဖြစ်သည်။

ဖန်ကျင်း သည် လူလတ်ပိုင်းဦးလေး ပြောသည်ကိုကြားသောအခါ အံ့ဩခြင်းမရှိပေ။ အဲဒီအစား သူက ဖြေးဖြေးချင်းမေးသည်။ "ခင်ဗျား မျက်လုံးနဲ့မြင်ခဲ့တာလား?"

ထိုဦးလေး သည် ခေါင်းကို အပြင်းအထန် ယမ်းရင်း စကားထစ်ငေ့ါထစ်ငေါ့ပြောလာသည်။ "ငါ..ငါ.. ရှင်းရှင်းလင်းလင်း မြင်ခဲ့သလား ..မမှတ်မိတော့ဘူး။..အဲတုန်းက လက်တစ်ဖက်လို့ ငါထင်တယ်၊ ရွှေရောင်ဆံပင်က စန်းဖန်ကို ကုန်ပစ္စည်းစစ်ဆေးစေချင်တာ၊ သူက အနက်ရောင်အိတ်ထဲက လူ့လက်ကို ထုတ်ယူပြီး သူ့ဆီ ပေးလိုက်တယ်။"

"ငါ ကြောက်လွန်းလို့ လှည့်ပြီး အိမ်ကို ပြေးသွားခဲ့တယ်။ ပရိဘောဂယူဖို့တောင် ငါ့မှာ အချိန်မရှိဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသား ချွေးအလွန်ထွက်နေသည်ကို မြင်လိုက်ရသဖြင့် သူ့ဘေးနားရှိ ရဲအရာရှိက တစ်ရှူးနည်းနည်း ပေးလာသည်။

"ကျေးဇူး"

ဦးလေးသည် ချွေးများကို သုတ်လိုက်ပြီး ဖန်ကျင်း အေးစက်စက်ပြောသည်ကို ကြားရသည်။"ခင်ဗျား အဲဒါကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ် မဟုတ်လား"

ထိုဦးလေး အံ့ဩသွားသည်မှာ ထင်ရှားသည်။ ထို့နောက် သူက ဖန်ကျင်း အား တိုးတိုးလေးပြောလာသည်။ "ငါ တကယ်ကြောက်တယ်၊ အဲလူတွေက သာမန်လူမဟုတ်ဘူး၊ ငါ့ဘေးကင်းဖို့ မင်းသေချာလုပ်ရမယ်။ ငါ သဲလွန်စတွေ ပေးထားတာကို ဘယ်သူ့ကိုမှ မပြောပြတာ အကောင်းဆုံးပဲ။"

ဖန်ကျင်း သည် လူလတ်ပိုင်းဦးလေး အား ရေဘူးတစ်ဘူးကို ပေး၍ ထိုင်ခုံမှထလိုက်သည်။ "ဒီကိစ္စကို ခင်ဗျား စိတ်ချနိုင်တယ်။ သက်သေတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ကျွန်တော်တို့ ကာကွယ်ပေးမှာပါ"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now