Ch-11: ဟမ်းစတား
"ဘာလို့လဲ?မင်းလည်း ယင်ဟောင်ရဲ့ယောက်ဖဖြစ်ချင်နေတာလား?" ဖန်ကျင်းက မျက်ခုံးပင့်၍ လင်းကျားကိုကြည့်၏။
"မရဘူးလား? ယင်ဟောင်ရဲ့ညီမနှစ်ယောက်က အတော်လှတာကွ" လင်းကျားက တမင်ပြောလာသည်။
"အင်း၊ မင်းမှာ မျှော်လင့်ချက်သိပ်မရှိဘူး။ ကလေးမလေးနှစ်ယောက်ထဲက တစ်ယောက်က ရှီဖန်ကိုကြည့်ပြီး တစ်ယောက်က အစားအသောက်ကိုကြည့်နေတာဖြစ်လောက်တယ်"
ဖန်ကျင်း ၏မျက်ဝန်းများ မှိတ်တုတ်မှိတ်တုတ်ရှိနေသည်။ စောစောက ထမင်းစားပွဲမှာ ယင်နင်းရဲ့မျက်လုံးတွေက ရှီဖန်ဆီကနေ ဘယ်မှမခွာခဲ့ပဲ ယင်ထောင်ကတော့ အစားအသောက်ထက် အခြားသူများကို စိတ်ဝင်စားပုံမပေါ်ပေ။
"ဟားဟား၊ မင်းပြောတာမှန်တယ်။" လင်းကျား သည် ပွဲတစ်ခုလုံးတွင် ယင်ထောင်က ဟမ်းစတားတစ်ကောင်နှင့်တူပြီး သူမ၏ပါးစပ်ထဲ အစားအသောက်များ အဆက်မပြတ်ထည့်နေသည်ကို သတိရမိသည်။
"ယင်ထောင်က မင်းနဲ့အတော်လိုက်ဖက်တယ်လို့ ငါတော့ထင်တာပဲ၊အစားအသောက်ကြိုက်သူလေးနဲ့ရေခဲတောင်ကြီးက အလွန်စိတ်ဝင်စားဖို့ကောင်းတယ်လေ"
လင်းကျားက ဖန်ကျင်းကိုကြည့်လိုက်ရာ သူ့အမူအရာ ပြောင်းလဲခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ သူက ဆက်ပြောတယ် "အစ်ကို၊ မင်းကို ဝေဖန်ချင်တာ မဟုတ်ပါဘူး၊ဒါပေမဲ့ မင်း တစ်ကိုယ်တည်းဖြစ်နေတာ နှစ်အတော်ကြာပြီလေကွာ၊၊ယင်ထောင်က အတော်ချစ်ဖို့ကောင်းတယ်လို့ ငါထင်တယ်၊မင်း သူမနဲ့အပြင်ထွက်ဖို့မကြိုးစားချင်ဘူးလား?"
"မင်း သူမကို သဘောကျရင် လိုက်လေ၊ငါ့ကိုမပါဝင်ခိုင်းနဲ့" ဖန်ကျင်း၏ လေသံသည် အလွန်အေးစက်နေသေးသည်။
"ကောင်းပြီ၊ မင်းတစ်ယောက်တည်းဖြစ်မှ အနာဂတ်မှာ မင်း ငါ့ဆီမှာ လာမငိုနဲ့" လင်းကျားနှင့်ဖန်ကျင်း၏ ကားရှိ လေထုသည် အတော်လေး သက်တောင့်သက်သာ ရှိသော်လည်း ယင်ထောင်တို့ကား၏ လေထုသည် အလွန် အဆင်မပြေ ဖြစ်နေသည်။
"ညီမလေးယင်ထောင်၊မင်း ပုံမှန်ဆိုအလုပ်များသလား?နောက်တပတ် မင်းရဲ့အစ်ကိုကြီးနဲ့ငါတို့ ကမ်းခြေသွားကြမှာ၊ ယင်နင်းလည်း ပါလောက်တယ်၊မင်း လိုက်ချင်လား?" ကျင်းချန်းက ယင်ထောင်နှင့်ပတ်သက်လို့ အလွန်စိတ်အားထက်သန်နေကာ သူမနှင့်နောက်တွင် အတူထိုင်သည်။ရှီဖန်က အသက်၃၀အရွယ် လက်ထောက်အမျိုးသား(ကားမောင်းသမား)နှင့်အတူ ရှေ့ခရီးသည်ထိုင်ခုံ တွင် ထိုင်ခဲ့သည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomansaAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.