Ch-81 : လိုက်ဖက်တယ်။

342 48 1
                                    


Ch-81 : လိုက်ဖက်တယ်။

"ငါလည်းမသေချာဘူး" ယင်ထောင်၏နှလုံးသား ရူပ်ထွေးနေ၏။ ဒီည ပင်လယ်ကမ်းစပ်ရှိ ဖန်ကျင်း အကြောင်း တွေးတိုင်း သူမရဲ့နှလုံးသား ရုတ်တရက် ခုန်ပေါက်လာသည်။

"နင် သူ့ကို ကြိုက်တယ်လို့ ဆိုလိုနေတာ" ပိုင်လော်က အတွေ့အကြုံရှိတဲ့အမူအရာနဲ့ပြောလာသည်။"ခေါင်းဆောင်ဖန်က ရုပ်ချောပြီး အရည်အချင်းရှိတယ်။ အရင်တုန်းကတော့ မြူနီစီပယ် ပြည်သူ့လုံခြုံရေး ဗျူရိုမှာ ရှိတုန်းက သူ့ကို လိုက်သူတွေအများကြီးပဲလို့ ငါ ကြားတယ်၊ နင် အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်။!"

ယင်ထောင်က သိပ်စဉ်းစားမနေဘဲ ပြုံးပြလိုက်သည်။ "နင် ငါ့ကို သူ့ကိုဝန်ခံခိုင်းနေတာတော့မဟုတ်ဘူးမလား?"

"ဘာလို့မဖြစ်ရမှာလဲ?သူ နင့်ကို အထင်ကြီးနေတဲ့အချက်ကို အခွင့်ကောင်းယူပြီး အရင်ဆုံးလှုပ်ရှားပလိုက်လေ" အကြောင်းတစ်ခုခုကြောင့် ပိုင်လော် သည် ယင်ထောင်က ဖန်ကျင်းကို ဝန်ခံဖို့ အစပြုခဲ့မယ်ဆိုရင် အောင်မြင်လိမ့်မည်ဟု ခံစားမိသည်။ ဖန်ကျင်း သည် စုံထောက်အဖွဲ့တွင် အမျိုးသမီးများနှင့် ဝေးဝေးနေခြင်းကြောင့် ကျော်ကြားသော်လည်း ယင်ထောင် အပေါ် သူ့သဘောထားက ကွဲပြားလေသည်။

"ဟုတ်ပါပြီ၊ အခုတော့ ငါ ဒိတ်ဖို့ စိတ်မပါသေးဘူး၊ ငါ့အလုပ်ကိုပဲ ပိုအာရုံစိုက်ချင်တယ်" ယင်ထောင် သည် ဆေးကြောဖို့ရေချိုးခန်းထဲသို့ လျှောက်သွားကာ အဆက်မပြတ် အော်ဟစ်ဆဲဖြစ်သော ပိုင်လော်ကို လစ်လျုရူလိုက်တော့သည်။

"ရှောင်ထောင်၊ နင်တို့နှစ်ယောက် တကယ်ကို လိုက်ဖက်တယ်လို့ ငါထင်တယ်နော်၊ နင်တို့ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်ရုံသာမက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကလည်း တစ်ယောက်ကိုတစ်ယောက် ဖြည့်တင်းပေးနိုင်တယ်၊ တစ်ယောက်က ရင့်ကျက်တယ်၊ နောက်တစ်ယောက်က အထက်တန်းကျောင်းသူလေးနဲ့တူတယ်၊ အဲလိုအတွဲမျိုးက ရုပ်မြင်သံကြား ဒရာမာတွေမှာတောင် မပေါ်နိုင်တဲ့ အတွဲမျိုးလေ!"

ယင်ထောင် သည် ပိုင်လော်ရဲ့စိတ်ကူးကို သည်းမခံနိုင်တော့။ မျက်နှာပေါ်ရှိ အမြှုပ်များကို မဆေးကြောမီ သူမ ခေါင်းပြူထွက်၍ သူမကို ပြောလိုက်သည်။ "ပိုင်လော် နင့်မှာ ရဲအရာရှိတစ်ယောက်အနေနဲ့ နင့်ရဲ့အရည်အချင်းတွေ ဆုံးရှုံးသွားပြီ၊ နင် ဝတ္တူရေးစားသင့်တယ် မဟုတ်ရင်လည်း ချိန်းတွေ့အေဂျင်စီကို ဘာလို့မဖွင့်ရမှာလဲ?၊ နင် အောင်မြင်မှုအသစ်တွေ သေချာပေါက် ရေးထိုးနိုင်လိမ့်မယ်!"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now