Ch-1: ကူးပြောင်းလာခဲ့တယ်။

1.6K 109 0
                                    


Ch-1: ကူးပြောင်းလာခဲ့တယ်။

"နင်ဘာလို့အပြစ်ကင်းစင်သလို လုပ်နေသလဲ?နင် ငါ့ကိုအရင်တွန်းတာ ရှင်းနေတာကို!"

နားရွက်နားတွင် စူးစူးရှရှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ယင်ထောင် က နာကျင်နေသော ခေါင်းနောက်ကျောကို ပွတ်သပ်လိုက်သည်။ မျက်လုံးဖွင့်လိုက်သောအခါတွင် ထူးထူးခြားခြား စိတ်ထားရှိသော လှပသော ဆံပင်ရှည်ရှည် မိန်းကလေးကို လှမ်းမြင်လိုက်ရသည်။

"ယင်ထောင်၊နင့်အလုပ်သင်ရဲစခန်းကိုမသွားဘူးလား?နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဘာလို့ ဒီလောက်တောင် ဆိုးရွားနေသေးတာလဲ!"ဆံပင်ရှည်မိန်းကလေး၏ လေသံမှာ ဖော်ရွေမှုမရှိပဲ ရွံရှာဖွယ်အရိပ်အယောင်များ သူမ၏မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

"ဘေဘီ၊ခေါင်းဒဏ်ရာက အရမ်းအန္တရာယ်များတယ် မသိဘူးလား?"ယင်ထောင်သည် အခြေအနေကို နားမလည်သော်လည်း ပရော်ဖက်ရှင်နယ် မှုခင်းဆရာဝန်တစ်ဦးအနေဖြင့် ဆေးပညာဗဟုသုတအချို့ကို မတက်နိုင်ပဲဖြန့်ဝေလိုက်သည်။ "ဦးနှောက်ဒဏ်ရာက ပြင်းထန်ပြီး သွေးယိုစီးရင် တုန်လှုပ်ချောက်ချားတာ ဒါမှမဟုတ် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။"

ဆံပင်ရှည်မိန်းကလေး၏ အမူအရာမှာ စိတ်မသက်မသာ ဖြစ်နေသည်။ယင်ထောင်၏ တုံ့ပြန်မှုကြောင့် သူမ သိသိသာသာ အံ့အားသင့်သွားသည်။ လေထုသည် အနည်းငယ် အဆင်မပြေဖြစ်လာသော်လည်း တင်းမာသော အမျိုးသမီးအသံကြောင့် ရုတ်တရက် ဤလေထုမှာကျိုးပျက်သွားသည်။

"ပါးစပ်ပိတ်ထား! မင်းရဲ့ပညာရပ်ဆိုင်ရာ ဗန်းစကားတွေကို နင့်ရဲ့ ရင်ခွဲစစ်ဆေးမှုဓာတ်ခွဲခန်းမှာ ထားခဲ့!"

သပ်သပ်ရပ်ရပ်၀တ်စားဆင်ယင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ယင်ထောင်ဆီကို ခြေလှမ်းအနည်းငယ်လှမ်းပြီး ညစ်ညမ်းသူကို ကြည့်နေသကဲ့သို့အကြည့်မျိုးဖြင့် မျက်မှောင်ကြုံ့ကာပြောသည်။ "နင်နင်းက ခမ်းနားတဲ့ စင်မြင့်ပေါ်မှာ ကပြဖို့ ရည်ရွယ်ပြီး ဒဏ်ရာရသွားတာ၊နင့်လို လူသေတွေနဲ့နေ့တိုင်းဆက်ဆံတာနဲ့မတူတဲ့ အရမ်းကိုအရေးကြီးတဲ့ကိစ္စဟဲ့!"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now