Ch- 99 : ရှောင်မင်။

93 15 1
                                    



Ch- 99 : ရှောင်မင်။

"နငf အိပ်ဆောင်မှာ မရှိဘူးလို့ထင်နေတာ၊ ငါ တောင်းပန်ပါတယ်၊ ငါ့ကြောင့် နင် နိုးသွားတာလား?" ယင်ထောင် သည် ပိုင်လော် အမှုဆက်လိုက်ဖို့ ရဲစခန်းမှာ ရှိနေလိမ့်မည်ဟု တွေးမိသောကြောင့် ဂရုမစိုက်ပဲ တံခါးကို ဖွင့်ခဲ့တယ်။

"အဆင်ပြေပါတယ်၊ ငါပြန်ရောက်တာမကြာသေးဘူး" ပိုင်လော်က ကျောဆန့်၍ ရေသောက်ဖို့ ထလာသည်။ "မြေမြုပ်ခံရတဲ့အမှုကြောင့် နင် အလုပ်ရူပ်နေတယ်မလား?"

"ဟုတ်တယ်၊ ငါ ခွဲစိတ်ခန်းကနေ ပြန်လာတာ။ ခေါင်းဆောင်ချန်းက ဒီအမှုကို တိုင်ကြားတဲ့လူကို ရဲစခန်းကို ပြန်ခေါ်သွားတယ်။ နင် သူ့ကို တွေ့ခဲ့လား?" ယင်ထောင် သူမ၏အဝတ်အစားများကို ချွတ်လိုက်ပြီး ညစ်ပတ်သောအ၀တ်လျှော်တောင်းထဲတွင် ထည့်ကာ ရေချိုးခန်းထဲတွင် ရေချိုးရန် ပြင်ဆင်နေသည်။

"ငါ သူ့ကိုမတွေ့ခဲ့ဘူး၊ ခေါင်းဆောင်ချန်းက ဒီအမှုကို တခြားရဲအရာရှိတွေဆီ လွှဲပြောင်းပေးခဲ့တယ်။ ငါတို့အဖွဲ့ထဲက ရဲအရာရှိတွေ ဒီအတိုင်းသာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေမှာ သေချာတယ်။"

ပိုင်လော်က လေးလေးနက်နက် သက်ပြင်းချ၍ ညည်းညူသည်။ "မကြာသေးခင်က မြို့တော် A မှာ ဘာတွေဖြစ်နေသလဲ မသိပါဘူးဟယ်၊ လူသတ်မှုတွေ တစ်မှုပြီးတစ်မှုပေါ်လာတယ်၊ ခေါင်းဆောင်ဖန် ဝေကော်ပိုရေးရှင်းရဲ့အမှုကို လိုက်နေတာ၊ ကျဲယုက မှောင်ခိုဈေးကွက်နဲ့တစ်စစီအမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေ အမြဲရှာနေတယ်၊ ရှကျင်းနဲ့ငါက အစက ပျောက်ဆုံးနေသူတွေကို စုံစမ်းခဲ့ပေမဲ့ မြုပ်နှံထားတဲ့အလောင်းအမှုရှိလာဦးမယ်လို့ မထင်ထားခဲ့ဘူး"

"ခေါင်းဆောင်ချန်းက ဒုခေါင်းဆောင်ကျန်းရဲ့လူတွေကို ဒီအမှုကိုဖြေရှင်းဖို့ လွှဲပေးလိုက်တယ်။ မနက်ဖြန် အမှုကို တိုင်တဲ့လူ မေးခွန်းထုတ်ဖို့ ကျန်သေးတယ်၊ ငါတို့စုံထောက်အဖွဲ့ အလုပ်များလွန်းလို့ တရုတ်နှစ်ကူးမှာ နှစ်ကူးဖြစ်မှာတောင်မဟုတ်ဘူး"

ပိုင်လော် ကုတင်ပေါ်ပြန်လှဲလိုက်သည်။ အထူးသဖြင့် ယခု သူမ၏အနားယူချိန်ကို ချစ်မြတ်နိုးတက်နေပြီဖြစ်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now