Ch-7 : မွေးနေ့
ဒီအမှု သည် တကယ်ကို တိုးတက်မှု မရှိသေး။ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ မိသားစုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ မိသားစုသည် အလုပ်သမားလူတန်းစားဖြစ်ပြီး ရန်သူများမရှိကြောင်း သိခဲ့တယ်။
ပိုင်လော် ၏ စုံထောက်အဖွဲ့သည် တစ်ညလုံး ဆက်တိုက် အလုပ်ချိန်အပိုလုပ်ခဲ့သည်။ ယင်ထောင်သည် မူလက တနင်္ဂနွေနေ့တွင် မွေးနေ့ပွဲကို ကျော်ဖြတ်ရန် အကြောင်းပြချက်တစ်ခုအဖြစ် အလုပ်ကိုအကြောင်းပြချင်ပေမဲ့ အချိန်အတော်ကြာစဉ်းစားပြီးနောက် ယင်ဟောင်ကိုဖုန်းမခေါ်ရဲပေ။
ဟိုတယ်အဝင်ဝမှာ ရပ်နေတဲ့ ယင်ထောင်က လက်ထဲတွင်လက်ဆောင်ဘူးကို ကိုင်၍ အသက်ပြင်းပြင်းရှူပြီး အထဲကို ဝင်လာခဲ့တယ်။ဒါတွေက အလောင်းကို ခွဲစိပ်စစ်ဆေးတာထက် သူမအတွက် ပိုနာကျင်စေတယ်။
"ရှောင်ထောင်,ရောက်လာပြီပေါ့!" ယင်ထောင် မွေးနေ့ပွဲကျင်းပသောအခန်းကို ရောက်တာနဲ့ ဝင်ပေါက်မှာ ယင်ဟောင် ကို တွေ့လိုက်တယ်။
"အစ်ကိုကြီး" ယင်ထောင်က သူ့ကို လှမ်းနှုတ်ဆက်သည်။ ယင်ဟောင် လက်ရာမြောက်သော မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်ကို သူမမြင်သောအခါတွင် သူမသည် သူမ၏ ပေါ့ပေါ့ပါးပါး ၀တ်စုံကို ကြည့်ပြီး ခေါင်းငုံ့ကာ ရယ်မောမိသည်။
"ဘာလို့ သပ်သပ်ရပ်ရပ်ဝတ်စားမလာတာလဲ?" ယင်ဟောင် သည် အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ထားသည့် သူ့ညီမကို ကြည့်ကာ အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေသည်။ ဒီမိန်းကလေးတွင် ကလေးမျက်နှာလေးရှိပြီး အခုအထက်တန်းကျောင်းမပြီးသေးတဲ့ ကျောင်းသားတစ်ယောက်နှင့်တူသည်။
"ညီမလေးက ဒီပွဲမှာ အဓိကဇာတ်လိုက်မှမဟုတ်ပဲ၊အဖေ့မွေးနေ့ကို ကျင်းပဖို့ရောက်နေတာလေ" ယင်ထောင်သည် ဇာတ်လိုက်များစုရုံးသည့်အချိန်မျိုးတွင် ပေါ်လွင်ထင်ရှားမနေချင်သောကြောင့် တမင်တကာ ၀တ်ဆင်လာခဲ့တယ်။
"ကောင်းပြီ မင်းမငယ်တော့ဘူး။ နောက်မှ ကြိုက်တဲ့ ကောင်လေး ရှိလား ကြည့်ကြည့်၊ကြိုက်တဲ့လူရှိရင် အစ်ကို မိတ်ဆက်ပေးမယ်" ယင်ဟောင် သည် သူ့ရှေ့မှ ယင်ထောင်ကိုကြည့်ကာ သူမ များစွာပြောင်းလဲသွားတယ်လို့ ခံစားရသည်။ အရင်တုန်းကတော့ ဒီလိုအချိန်မျိုးတွေမှာ သူမက သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားတာ သေချာတယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.