Ch-53 : ဆေးလိမ်းပေးတယ်။
ချန်ဖေးက တင်းတင်းပိတ်ထားသော သူ့ညီမ၏အိပ်ခန်းတံခါးကိုတချက်ကြည့်ရင်း နည်းနည်းစိတ်ပူနေ၏။ သူက အသံကိုလျှော့၍ ပြောပြသည်။ "တကယ်တော့ ကျွန်တော် မပြောပြသင့်ဘူး ၊ဒါပေမဲ့ ကျွန်တော့်ကို ကူညီထားတာဆိုတော့ ကျွန်တော် ခင်ဗျားတို့ဒုက္ခရောက်တာမလိုချင်ဘူး"
ချန်ဖေး၏စကားကိုကြားတော့ ယင်ထောင် နဲ့ ဖန်ကျင်းတို့ လန့်သွားပြီး သူ့စကားကို သေချာနားထောင်၏။
"ဒီ ဝန်အန်းခရိုင်က ရှေးဟောင်းခရိုင်တစ်ခုပါ။ အိမ်ငှားဟောင်းတချို့ကလွဲရင် ကျွန်တော့်လို လူကောင်းတချို့လည်း ရှိတယ်။"
ချန်ဖေးက သူ့လက်ထဲက ခွက်ကို တုန်တုန်ယင်ယင်ကိုင်ထားလျက် ဆက်ပြော၏။ "ဒီမှာအမှိုက်တွေ အများကြီးရှိတယ်။ နည်းနည်းရှုပ်တယ်။ ကျွန်တော် ဒီမှာနေတာက ငါးမန်းချေးငွေကြောင့် ပြသနာတက်နေလို့ပါ"
ယင်ထောင် သည် ချန်ဖေးက လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားသည်ဟု ခံစားမိသောကြောင့် တမင်မေးလိုက်၏။ "အစ်ကို၊ ဒီမှာ လူသတ်မှုတစ်ခုရှိခဲ့တာအမှန်ပဲလား?"
ချန်ဖေး က ယင်ထောင်က ကြောက်လန့်မည်ကို စိတ်ပူနေ၏။
"အဆင်ပြေပါတယ်။ အဲဒါကို စိတ်မပူပါနဲ့။ ငါ့ညီမလေးက သတ္တိရှိတယ်။ သူမ မကြောက်တက်ဘူး။" ဖန်ကျင်းက ယင်ထောင်၏ပခုံးကိုပုတ်လိုက်၏။
ချန်ဖေးက ယင်ထောင်၏ကို့ရို့ကားယားအမူအရာကို သတိမထားမိပဲ ပြော၏။ "အမှန်ပဲ၊ အဲအိမ်က လူကို အကြိမ်အနည်းငယ်လောက်တွေ့ဖူးတယ်၊ သူက introvertတစ်ယောက်"
ယင်ထောင်က ချန်ဖေး တစ်ခုခု ဖုံးကွယ်ထားသည်ကို ခံစားမိသောကြောင့် သည်းမခံနိုင်တော့ပဲ မေးလိုက်၏။ "အစ်ကိုချန်ဖေး၊ အစ်ကို သူ့ကို ဘယ်မှာတွေ့ဖူးတာလဲ?"
"ကျွန်တော် အစ်ကိုနန်နဲ့ အရောင်းအဝယ်လုပ်တုန်းက သူလည်း အစ်ကိုနန်ကိုလာရှာခဲ့ပုံပဲ" ချန်ဖေး၏စကားဆုံးသွားသောအခါ ယင်ထောင်၏အမူအရာ ပြောင်းလဲသွားသည်ကို သူသတိပြုမိတယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.