Ch-10 : မတူဘူး။

939 55 0
                                    


Ch-10 : မတူဘူး။

"ငါက သူမကို အလိုလိုက်တယ်?နင်ကော ယင်နင်းကို အလိုလိုက်တယ်မဟုတ်ဘူးလား?" ကျောင်းလင်းက ကျောင်းယွဲ့၏ ကွဲပြားသော ဆက်ဆံမှုကို မကြိုက်သော်လည်း ၎င်းက မိသားစုကိစ္စဖြစ်လို့ သူမ အများကြီးမပြောပေ။

"နင်းနင်းက သူမနဲ့မတူပဲ မောမောပန်းပန်းအကလေ့ကျင့်တာ၊သူမ ဘယ်တွေနဲ့အလုပ်ရူပ်သလဲကို ဘယ်သူသိမှာလဲ!" ကျောင်းယွဲ့ သည် ယင်ထောင် အလောင်းများနှင့် နေ့တိုင်း ရှိနေသည့် အတွေးကြောင့် ရင်ထဲတုန်ယင်နေလေသည်။

"ဟုတ်ပြီ၊နင့်ကို မသင်ကြားတော့ဘူး၊နင်က နင်နင်းကို စိတ်ပူလိုက်၊ငါက ထောင်ထောင်ကိုဂရုစိုက်မယ်၊သူမရဲ့အဒေါ်အနေနဲ့ ငါ သူမကို နာကျင်အောင်လုပ်ပါ့မလား?" ကျောင်းလင်း သည် ကျောင်းယွဲ့ကို မစည်းရုံနိုင်သောကြောင့် ယင်ထောင်ကိုသာ ပိုဂရုစိုက်ပေးသည်။

"သူမအတွက် အကောင်းဆုံးကို တကယ်လိုချင်ရင် ဒီအလုပ်ကနေ အမြန်ဆုံး နုတ်ထွက်ခိုင်းလိုက်!" ကျောင်းယွဲ့က ယင်ထောင်ကို မကျေနပ်သော မျက်လုံးများဖြင့် ကြည့်နေသည်။

"‌ကောင်းပြီ၊ငြင်းနေတာရပ်တော့၊ဧည့်သည်တွေမထွက်သွားသေးဘူး!" ယင်ဒေါင်က ကျောင်းယွဲ့ကို သတိပြုမိပြီး သူမကို ညင်သာစွာ သတိပေးရန် လျှောက်လာခဲ့သည်။

ယင်နင်း၊ယင်ဟောင် နှင့်တခြားသူများလည်း လျှောက်လာကြသည်။ ယင်နင်းသည် ယင်ထောင်ကိုကြည့်၍ တမင်စည်းရုံးသည်။ "အစ်မ၊ဒီနေ့က အဖေ့မွေးနေ့လေ၊ မိသားစုနဲ့ရန်မဖြစ်နဲ့၊လေထုကိုမဖျက်စီးပါနဲ့"

ယင်ထောင် က ယင်နင်းကိုကြည့်ပြီး ရှီဖန်နှင့်ယင်ထောင် နံဘေးက တခြားသူတွေကို သတိထားမိတယ်။ ယင်နင်း၏ ရည်ရွယ်ချက်ကို သူမ ချက်ခြင်း နားလည်သည်။ သူမသည် ယင်ထောင်က မည်မျှပင် ဥာဏ်ရည်ထက်မြက်ကြောင်း အလေးပေးခြင်းဖြင့် သူမ၏ အာရုံခံစားမှုကို မီးမောင်းထိုးပြရန် ကြိုးစားနေလေသည်။

ယင်ထောင်က ကူရာမဲ့စွာခေါင်းညိတ်၍ "အဖေ၊အမေ သမီး အိပ်ဆောင်ကိုအရင်ပြန်နှင့်မယ်၊မနှောက်ယှက်တော့ပါဘူး"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now