Ch- 56 : ဝမ်မိသားစု။

829 87 0
                                    


Ch- 56 : ဝမ်မိသားစု။

"ဝမ်မိသားစုပဲလား" ဖန်ကျင်းက လင်းကျား ခေါင်းညိတ်တာ တွေ့လိုက်၏။

"အထင်ကြီးစရာပဲ၊ ငါ တဆင့်ပြီးတဆင့်လုပ်ပြီးမှ ဒါကို ရှာတွေ့ခဲ့တာ၊ မင်း ဘယ်လိုသိတာလဲ?" လင်းကျား သည် ဖန်ကျင်း ကအမှုကိစ္စများကို ဖြေရှင်းရာတွင် အလွန်ထူးချွန်ကြောင်း သိသော်လည်း သူ၏ အံ့သြဖွယ်ကောင်းသော စီရင်ချက်ကြောင့် ရံဖန်ရံခါ အံ့အားသင့်နေဆဲဖြစ်သည်။

"ဝေဖန် နဲ့ ဝမ်ကျဲတို့ ကောင်းမွန်တဲ့အနေအထားမှာမရှိဘူး၊ ဝမ်ကျဲရဲ့အစ်ကိုက ဝမ်ရူ၊ ဝမ်ရူရဲ့ကုမ္ပဏီက ဝေကော်ပိုရေးရှင်းရဲ့လုပ်ငန်းများစွာကို ဖယ်ထုတ်ပစ်ခဲ့တယ်။ 'ဖန်ကျင်း ပြောပြီးနောက် ယင်ထောင်၏အမူအရာ ပြောင်းလဲသွားတာ သတိထားမိသွား၏။

"ရှောင်ယင်၊ ဝမ်မိသားစုအကြောင်း မင်းသိလို့လား?" ဝမ်မိသားစုအကြောင်း ကြားသောအခါ ယင်ထောင်၏အမူအရာ နည်းနည်းသဘာဝမကျတာ ဖန်ကျင်း ခံစားမိတယ်။

"သိတယ်၊ အတော်လေးကြီးတဲ့ ကုမ္ပဏီတစ်ခုလေ၊ သူတို့က နယ်ပယ်များစွာမှာ ပါဝင်တယ်" ယင်ထောင် အမှန်တိုင်းမပြောခဲ့ပါ။ ဝမ်မိသားစု သည် မူရင်းဝတ္တူတွင် အကြီးဆုံးသောဗီလိန်ဖြစ်သည်ကို သူမ သတိရမိသည်။ ဝမ်ကျဲ က ရှီဖန်ကို အမြဲပစ်မှတ်ထားခဲ့ပြီး ရှီဖန်အတွက် ခက်ခဲသောအရာများ ပြုလုပ်ခဲ့တယ်။ ဝမ်ကျဲရဲ့အစ်ကို၊ဝမ်ရူတွင် စီးပွားရေးလုပ်ငန်းကြီး တစ်ခုရှိပြီး အသေးအဖွဲမဟုတ်သော ဇာတ်ကောင်တစ်ဦးဖြစ်ပေသည်။

ဝေဖန်ကို သတ်ဖို့ ဝမ်အတွက် မဖြစ်နိုင်တာ မဟုတ်ဘူးဟု ယင်ထောင် ခံစားမိ၏။

ဖန်ကျင်း၏အမူအရာ လေးနက်၏။အရင်အချိန်က ဝမ်မိသားစုသည်လည်း သူ့မိသားစု၏စီးပွားရေးပြိုင်ဖက်ဖြစ်ခဲ့သည်။ သူ့အစ်ကိုနဲ့သူ ပြန်ပေးဆွဲခံရပြီးနောက် သူ့အဖေက သူ့အလုပ်ကိုလက်လျော့ခဲ့တယ်။ ထိုအချိန်တုန်းက ဝမ်ကျဲရဲ့အမေက သူတို့၏အလုပ်ကို လွှဲယူဖို့ အခွင့်အရေးယူခဲ့တယ်။

ဝမ်မိသားစု၏လုပ်ငန်း သည် ကြီးမားပေမဲ့ ၎င်းတို့သည် လက်လှမ်းမီးသော နည်းလမ်းများစွာကိုအသုံးပြုခဲ့သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now