Ch-31 : စားသောက်ကြသောက်ကြခြင်း။

704 70 0
                                    


Ch-31 : စားသောက်ကြသောက်ကြခြင်း။

"ဒါက ထူးထူးခြားခြား ပေါင်းစပ်မှုတစ်ခုလေ၊အစတုန်းကတော့ မှုခင်းဆရာဝန် မဖြစ်ချင်ခဲ့ဘူး" မူလယင်ထောင် ထိုအလုပ်ကို လုံးဝမကြိုက်သည် သူမသိလေ၏။ "ဒါပေမဲ့ အခု ကျွန်မ အလုပ်ရသွားပြီဆိုတော့ အကောင်းဆုံး ကြိုးစားမှာ"

ဖန်ကျင်း က သူ့ဘေးနားက ကောင်မလေးကို ကြည့်လိုက်၏။ သူမရဲ့ မျက်နှာဝိုင်းဝိုင်းလေးရဲ့ အသွင်အပြင်တွေက သပ်ရပ်ပြီး ချစ်စရာကောင်းတယ်။ သူမက အလွန်သိမ်မွေ့ပုံပေါ်ပေမဲ့ အလုပ်ကြိုးစားရမည်ကို လုံးဝ မကြောက်တက်ပေ။

"ကောင်းတာပေါ့၊ ဒေါက်တာစုက မင်းက တော်တော် အရည်အချင်းရှိတယ်။ အလုပ်ကြိုးစားပြီး အနာဂတ်မှာ မင်းရဲ့မိသားစုက မင်းကို နားလည်လာလိမ့်မယ် လို့ ပြောတယ်။" ဖန်ကျင်း ယင်ထောင်၏ တည်မြဲမှုကို သဘောကျသည်။ မိသားစု၏ ဆန့်ကျင်မှုများကြားမှ သူမ၏ရွေးချယ်မှုကို ဆက်လက်လုပ်ဆောင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။

ကားထဲက ခံစားချက်က နည်းနည်းသက်သာသွားတယ်။ ဖန်ကျင်း၏ ဖုန်း ရုတ်တရက် မြည်လာ၏။ဖန်ကျင်း ကားမောင်းနေရင်း ဖုန်းခေါ်သည်ကိုလက်ခံ၍ စပီကာဖွင့်လိုက်သည်။

"အစ်ကို၊ မင်း ဌာနခွဲရုံးကို သွားတာ ငါ့ကို ဘာလို့ မဆက်သွယ်တာလဲ။" လင်းကျား၏အသံကိုကြားသောအခါ ဖန်လင်း သူ၏နားကြပ်များကို အမြန်ထုတ်လိုက်၏။ သို့သော် သူ မချိတ်ဆက်မီတွင် လင်းကျား၏ အသံသည် ထွက်ပေါ်လာပြန်သည်။

"ယင်ထောင် ကို မင်း မြင်ခဲ့လား? ငါ့အတွက် သူမရဲ့အဆက်အသွယ်အသေးစိတ်အချက်အလက်ရခဲ့လား? ငါ မင်းကို ရိုးရိုးရှင်းရှင်းလေး လုပ်ခိုင်းနေတာကို မင်း ဘာလို့ ဒီလောက်ကြာနေရတာလဲ?" လင်းကျား မှာ အနည်းငယ်မကျေမနပ်ဖြစ်နေသည်။

ကားထဲ တိတ်ဆိတ်သွား၏။ ခရီးသည်ထိုင်ခုံတွင်ထိုင်ရင်း လင်းကျားပြောသည့်စကားတိုင်းကို ယင်ထောင် ကြားလိုက်ရ၏။ သူမ ဖန်ကျင်းကို မှင်တက်စွာကြည့်နေ၏။

"ဟဲလို? မင်းငါပြောတာကို မကြားချင်ယောင်ဆောင်နေတာလား" ဖန်ကျင်း က မတုံ့ပြန်သောအခါ လင်းကျား မှာ နည်းနည်းစိတ်မရှည်တော့။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now