Ch-82 : မျက်မြင်သက်သေ။

451 56 1
                                    



Ch-82 : မျက်မြင်သက်သေ။

"သူက ဝမ်အန်းခရိုင်က ချန်ဖေးရဲ့အိမ်ပိုင်ရှင် မဟုတ်ဘူးလား?" ယင်ထောင် ထိုထိပ်ပြောင်လူလတ်ပိုင်း ဦးလေးကို မှတ်မိသည်။ ချန်‌ဖေးရဲ့လက်ရှိလိပ်စာကို ဤဦးလေးမှ သူမကို ပေးခဲ့ခြင်းဖြစ်သည်။

'အစ်မရှောင်ထောင်၊ သူ့ကို အရင်ကမြင်ဖူးလို့လား? သူက သေဆုံးသွားတဲ့စန်းဖန်ရဲ့အိမ်ပိုင်ရှင်လည်းဖြစ်တယ်လေ" ကျဲယု က စစ်ဆေးရေးခန်းထဲတွင် အသံအတိုးအကျယ်ကို ကစားလိုက်သည်။ ယင်ထောင် ဖန်ကျင်းနဲ့လူလတ်ပိုင်းဦးလေးတို့ စကားဝိုင်းကို ရှင်းရှင်းလင်းလင်းကြားနိုင်ဖို့ဖြစ်သည်။

"အရာရှိ၊ ငါက အဲဒီလူတွေကို အရမ်းကြောက်တယ်။ ဒီလိုဝေးလံခေါင်သီတဲ့ စွန့်ပစ်စက်ရုံမှာ ရှက်စရာကောင်းတဲ့ တစ်ခုခုကိုလုပ်နေတာဖြစ်ရမယ်" ထိုဦးလေးမှာ နည်းနည်းပင်ပန်းနေ၏။သူ အရမ်းစိတ်တိုနေတယ်ဆိုတာ သိသာတယ်။

ဖန်ကျင်း၏ လေသံသည် အလွန်တည်ငြိမ်ပြီး သူ့အသံမှာ အထူးကြည်လင်ပြတ်သားသည်။ "ဒါဆို ညနက်သန်းခေါင်၊ ဒီလိုဝေးလံခေါင်သီတဲ့ ကားပါကင်မှာ ခင်ဗျားဘာလို့ပေါ်လာတာလဲ။"

"အရင်က စွန့်ပစ်ထားတဲ့ ကားပါကင်ကို ဖြတ်မောင်းသွားတဲ့အခါ တခြားလူက စွန့်ပစ်ထားတဲ့ ပရိဘောဂဟောင်းတွေကို တွေ့ခဲ့တယ်။ ငါ အဲဒါတွေကို ပြုပြင်ဖို့ ပြန်ယူလာပြီး အသုံးပြုတယ်"

ဦးလေးသည် ထုံထိုင်းနေသော်လည်း ဖန်ကျင်း၏မေးခွန်းကို လေးနက်စွာ ဖြေနေသေးသည်။ "ဝမ်အန်းခရိုင်မှာ ငါ အိမ်ငှားထားတဲ့အိမ်တွေ ၁၀လုံးကျော်ရှိပါတယ်၊ ပရိဘောဂတွေ ပျက်စီးမှာ မလွဲမသွေပဲ၊ ငါ ပစ်ထားတဲ့ပရိဘောဂတွေကို ကောက်ရင် ပိုက်ဆံနည်းနည်းစုမိမယ်လို့ တွေးမိခဲ့တယ်၊ ညဘက်ဆို လူနည်းတယ်၊ ပြောရရင် ငါ အခုလိုလုပ်တာကို တခြားသူတွေ မြင်ရင် မကောင်းဘူးလေ"

ထိုဦးလေးမှာ လိမ်နေပုံမပေါ်ပါ။ သူက ဖော်ရွေတဲ့ပုံမပေါ်ပေမယ့် သူ့သဘောထားက တော်တော်ရိုးသားတယ်။

"ခင်ဗျား အစက စွန့်ပစ်ထားတဲ့ ပရိဘောဂတွေကို ကောက်ချင်ပေမဲ့ ခင်ဗျားရဲ့အိမ်ငှား၊ စန်းဖန်က တခြားတစ်ယောက်နဲ့စကားပြောနေတာကို မတော်တဆတွေ့ခဲ့တယ်ပေါ့" ဖန်ကျင်း သည် ထိုဦးလေး လိမ်လည်နေသလားကို ဂရုတစိုက်စူးစမ်းနေလေသည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now