Ch-8:ဇာတ်လိုက်များ။
"စကားမစပ်၊ဘာလို့ ဖန်ကျင်းက မင်းတို့နဲ့လိုက်မလာတာလဲ?" ယင်ဟောင်သည် လင်းကျားမှ ဖန်ကျင်းအကြောင်းထုတ်ပြောသည်ကိုကြားသောအခါ မထိန်းနိုင်ပဲ မေးလိုက်သည်။
သူ့အတန်းဖော်ဟောင်းက သူကျောင်းတက်တုန်းက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တယ်။ဖန်ကျင်းနှင့်လင်းကျားတို့ကြားက ရင်းနှီးသော ဆက်ဆံရေးကြောင့်သာ မဟုတ်ပါက ဖန်ကျင်းသည် သူတို့၏ အသိုင်းအဝိုင်းထဲသို့ လုံးဝဝင်ရောက်လာလိမ့်မည် မဟုတ်ပေ။
"အိုး ရဲစခန်းမှာနေမှာ။ မကြာခင် သူ ဒီကိုရောက်လာလိမ့်မယ်။" ဖန်ကျင်းအကြောင်းပြောသောအခါ လင်းကျား၏လေသံသည် တည်ငြိမ်လာသည်။ဖန်ကျင်း ကို သူ၏အသိုင်းအဝိုင်းရှိ သူငယ်ချင်းဆက်ဆံရေးကို မတင်းမာစေဖို့ အကြံမပေးပါက သူ လုံးဝလာမည်မဟုတ်ပေ။
"ဖန်ကျင်းက ငါ့အဖေထက်တောင် ပိုရှေးဆန်တယ်၊ငါတို့ ရှီဖန်က ပြုံးရတာကိုမကြိုက်ပေမဲ့ သူက ဖန်ကျင်းက အများကြီးသာတယ်"ကျင်းချန်းက ပြုံး၍ ရှီဖန်၏ပခုံးပေါ်သို့လက်တင်လိုက်သည်။
လင်းကျားက လှည့်၍ ကျင်းချန်းကိုအပြုံးဖြင့် သတိပေးသည်။ "ဖန်ကျင်းက A Cityရဲ့free တိုက်ခိုက်ရေးချန်ပီယံဆိုတာ မမေ့နဲ့၊မင်း အပြောအဆို သတိထား"
"ဖန်မိသားစုရဲ့ စီးပွားရေးက မြို့တော်မှာ တော်တော်ကြီးတာမဟုတ်ဘူးလား။ဖန်ကျင်းက A City ကို စုံထောက်အဖြစ် လာဖို့ ဘာကြောင့် တောင်းဆိုတာလဲ?" ယင်ထောင်က ဖန်ကျင်းအကြောင်း သိပ်မသိပါ၊ဖန်မိသားစုက သူတို့ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သူသိတယ်။
"သူ့ဟာသူနေမှာ၊သူငယ်ချင်းဖြစ်တဲ့ငါတို့က ပံ့ပိုးသရွေ့ အဆင်ပြေတယ်..." လင်းကျားက သိပ်မပြောချင်တော့တာမို့ လူတိုင်းက လိမ္မာပါးနပ်စွာ မမေးခဲ့ကြပေ။
သို့သော် ဖန်ကျင်း၏ အပြုအမူသည် ပုန်ကန်တတ်သောညီမလေးယင်ထောင်နှင့်အနည်းငယ်ဆင်တူသည် ယင်ဟောင် ခံစားမိသည်။
ထိုအချိန်တွင် ယင်ထောင် သည် သန့်စင်ခန်းထဲတွင်ရှိနေသည်။ထိုယောကျာ်းများသည် ယင်ဟောင်၏သူငယ်ချင်းများ၊ဝတ္တူထဲက ဇာတ်လိုက်များနှင့်အဓိကဇာတ်ကောင်တချို့ဖြစ်လောက်သည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomansAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.