Ch-24: အိမ်ပြန်ခြင်း။

915 83 0
                                    


Ch-24: အိမ်ပြန်ခြင်း။

"ဆိုလိုတာက ကျန်းကျင်းက ဒုတိယနဲ့တတိယသားကောင်တွေနဲ့ အဆက်အသွယ်ရှိတယ်ပေါ့?" ယင်ထောင် လည်း အရမ်းအံ့သြသွားတယ်။ ကျန်းကျင်းက ပို၍ပင် သံသယဖြစ်ဖွယ်ရှိကြောင်း သက်သေပြနိုင်ပြီဖြစ်သည်။

"မှန်တယ်။ သူ့ရဲ့ လွန်ကဲတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တွဲလိုက်တော့ သူက လူသတ်သမား ဖြစ်နိုင်တယ်!" ပိုင်လော်က ယင်ထောင်ကို အလွန်စိတ်လှုပ်ရှားစွာဖြင့်ပြောပြခဲ့တယ်။ "တကယ်လို့ ကျန်းကျင်းကလူသတ်သမားဖြစ်ခဲ့ရင် ရှောင်ထောင်က အကြီးမားဆုံးပံ့ပို့ကူညီခဲ့သူပဲ၊စောင့်ကြည့်ရေးဗီဒီယိုကို ကြည့်ရုံနဲ့ လူသတ်သမားကို ရှာတွေ့နိုင်တယ်။ နင်က လုံးဝကို ရှားလော့ဟုမ်းပဲ!"

"ငါ့ကို သူရဲကောင်းလို့ဘယ်လိုတောင်စဉ်းစားရတာလဲ!နင်တို့ဌာနခွဲ ၂က ဘယ်သူမဆို ငါ့ထက်အများကြီးပိုကြိုးစားခဲ့ကြတာပါ"ယင်ထောင် သည် အောင်မြင်မှုကိုမယူဝံ့ပါပေ။

"ဖြတ်ပြောပါရစေ!ဘယ်လိုပဲဖြစ်ဖြစ် ဒီတခေါက် နင် full-timeဆရာဝန်တစ်ဦးသေချာပေါက် ဖြစ်လာနိုင်တယ်၊ငါ့ဆရာက နင့်ကို ဌာနခွဲ၂ရဲ့ ကံကောင်းတဲ့ကြယ်လေးလို့တောင်ပြောခဲ့တာ၊နင့်ပတ်ဝန်းကျင်က လူတိုင်းက အရမ်းပျော်နေကြတာနော်၊" ပိုင်လော်က ယင်ထောင်အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်နေခဲ့တယ်။ ယခင်ကတော့ ယင်ထောင် သည် မှုခင်းဆရာဝန်အဖြစ် ကြာရှည်မည်မဟုတ်ဟု သူမထင်ခဲ့သည်။ယင်ထောင်က မှုခင်းဆရာဝန်တစ်ဦးဖြစ်ရုံသာမက အရည်အချင်းပြည့်ဝသူတစ်ဦးဖြစ်လာမည်ဟု မထင်ထားပေ။

"နောက်တဆင့်ကတော့ ကျန်းကျင်းကိုစောင့်ကြည့်ဖို့ပဲ၊သူ လှုပ်ရှားမှုအသစ်တွေ လုပ်နေသရွေ့ သူ့ကို ငါတို့တိုက်ရိုက်ဖမ်းချုပ်မှာ" ပိုင်လော်က အင်္ကျီဖြူဝတ်ထားဆဲဖြစ်သော ယင်ထောင်ကို တချက်ကြည့်၍ ပြောလိုက်သည်။ "ပြီးရင် အပြင်ထွက်ပြီး တစ်ခုခုစားကြရအောင်"

"ဒီနေ့တော့မရဘူး၊ဒီည ငါအိမ်ပြန်မလို့"ယင်ထောင်က စိတ်လှုပ်ရှားသော ပိုင်လော်ကိုကြည့်၍ ပြောသည်။ "လူသတ်သမားကို လုံးလုံးဖမ်းမိတဲ့အချိန်ရောက်မှ သွားစားကြမယ်"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now