Ch-77 စာနာမှု။

322 50 0
                                    


Ch-77 စာနာမှု။

"ဒါက ညီမနဲ့အစ်မရှောင်ထောင် ကြားက လျို့ဝှက်ချက်လေ!" ချန်ယောင်က ချန်ဖေးကို မပြောပဲ ယင်ထောင်ကို လှေကားနေက ဆွဲခေါ်လာခဲ့သည်။

ယင်ထောင် သည် စားပွဲပေါ်ရှိ အရသာရှိသော ဟင်းလျာများကို ကြည့်ပြီး ချန်ဖေးကို သဘောကျသွားသည်။ ၂နာရီအတွင်း ဟင်းပွဲများစွာကို သူပြင်ဆင်ခဲ့သည်။ ယင်ထောင် သည် မထိုက်တန်ဟု ခံစားမိသည်။ ချန်ဖေး သည် မိန်းကလေးများထက် ပို၍အကျင့်သီလကောင်းမွန်သည်။

"အစ်ကိုချန်ဖေးရဲ့အစားအသောက်တွေက အရမ်းအရသာရှိတယ်!" ချန်ဖေး ၏ အချက်အပြုတ်ကျွမ်းကျင်မှုသည် ရဲစခန်းရှိ ကန်တင်း ထက် များစွာသာလွန်သည်ဟု ယင်ထောင် ခံစားမိသည်။

ယင်ထောင် သူ့ဟင်းပွဲများကို တံထွေးမြိုချ၍ကြည့်နေသည်ကိုကြည့်ရင်း ချန်ဖေး အရမ်းပျော်သွားသည်။ သူက ပြုံး၍ ယင်ထောင် ကိုမေး၏။ "မင်းရဲ့အစ်ကို မင်းအတွက် ချက်ပြုတ်ပေးဖို့ သိသလား?"

ယင်ထောင် နည်းနည်းလန့်သွားသည်။ အစ်ကိုချန်ဖေးက ဖန်ကျင်း အကြောင်းပြောနေတာ သိလိုက်ရချိန် သူမ ခေါင်းညိတ်၍ ပြောလိုက်သည်။ "အင်း၊ အစ်ကို ချက်ပြုတ်တာလည်း အရမ်းအရသာရှိတာ"

ယင်ထောင် ကိုယ်တိုင်ပင် နည်းနည်းအံ့သြသွားခဲ့သည်။ သူမသည် ဖန်ကျင်း ချက်ပြုတ်သည်ကို တကယ်စားခဲ့ပြီး သူ့အိမ်တွင် နေထိုင်ခဲ့ဖူးသည်။

ယင်ထောင် သည် ဖန်ကျင်းနဲ့သူမတို့ ဆက်ဆံရေး ပို၍နီးကပ်လာသည် မသိမသာခံစားမိလိုက်သည်။ အစကတည်းက သူမသည် ဖန်ကျင်း ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့ပြီး ယခု အန္တရာယ်ကြုံလာသောအခါတွင် ဆက်သွယ်ရမည့် ပထမဆုံးသူမှာ သူဖြစ်သည်။ ဒီပြောင်းလဲမှုက တကယ်ကို ထိတ်လန့်စရာကောင်းတယ်။

"မင်းအစ်ကိုက တော်တော်လေးနက်တယ်။ သူက ဒီလောက်စဉ်းစားတက်မယ်လို့ ငါမမျှော်လင့်ထားဘူး။"

ရှောင်ထောင်၏အစ်ကိုဖြစ်သူကို ပထမဆုံးမြင်တွေ့တုန်းက နည်းနည်းကြောက်ဖို့ကောင်းသည်ဟု ချန်ဖေး ခံစားမိခဲ့တယ်။ သူ့ကို ဟော့ပေါ့ စားသောက်ဆိုင်မှာ ကယ်တင်ခဲ့ပေမယ့် ချန်ဖေး သည် ဖန်ကျင်းတွင် အလွန်ပြင်းထန်သောရောင်ဝါရှိတယ်လို့ ခံစားမိဆဲပင်ဖြစ်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now