Ch- 61 : အထူးသီးသန့်။
လီယွမ် ထပ်တလဲလဲ တုန့်ဆိုင်းနေပေမဲ့ သူမ မေးချင်သောမေးခွန်းကို မေးလိုက်၏။ "စောနက မိန်းကလေးက နင့်ရည်းစားလား?"
ဖန်ကျင်း သိသိသာသာမင်သက်သွား၏။သူ တခဏစဉ်းစား၍ အမှန်တိုင်းပြောလိုက်တယ်။ 'သူငယ်ချင်းပါ၊သူမ ခေါင်းဒဏ်ရာရထားလို့ ဆရာဝန်နဲ့ပြသပေးဖို့ခေါ်လာတာ"
ဖန်ကျင်း နဲ့ ထိုမိန်းကလေးတို့က ရည်းစားတွေမဟုတ်ဟု ကြားသောအခါ လီယွမ် နည်းနည်းသက်သာသွား၏။ သို့သော် သူတို့ဆက်ဆံရေးအပေါ် အလွန်သံသယဝင်နေဆဲပင်။ "နင့်ဘေးမှာ မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ၊ နင် ငယ်ငယ်တည်းက တစ်ယောက်တည်းနေခဲ့သလို အမြဲတမ်းလည်း တစ်ယောက်တည်းပဲ၊ အစ်ကိုလင်းကျားတောင် နင့်အနားချဉ်းကပ်ဖို့ အရင်အစပြုရခဲ့တာကို"
လီယွမ်ရဲ့မိသားစု နှင့် ဖန်မိသားစုတို့သည် အတော်ကြာသူငယ်ချင်းများဖြစ်ကြသည်။သူတို့နှစ်ယောက်ကိုလည်း ငယ်သူငယ်ချင်းများဟု သတ်နိုင်ပေသည်။ သို့သော် ဖန်ကျင်းတွင် ငယ်ငယ်ကတည်းက အေးစက်သောကိုယ်ရည်ကိုယ်သွေးရှိ၏။ ငယ်စဉ်ကတည်းက တစ်ယောက်တည်းနေတယ်။ ရွယ်တူချင်းများနှင့် ကစားရသည်ကို မကြိုက်ဘဲ မတော်တဆမှု ဖြစ်မလာမချင်း သူ့အစ်ကို အနားတွင် အမြဲရှိနေခဲ့သည်။
"ယင်ထောင်က မတူဘူး" ယင်ထောင်က သူ့အတွက် အလွန်ထူးခြားသည်ဟု ခံစားမိသောကြောင့် လီယွမ်၏မျက်နှာပေါ်က ထင်ရှားသော စိတ်ပျက်အားငယ်မှု ဖန်ကျင်း သတိမထားမိပေ။ ဖန်ကျင်းက သူမကိုပြောလိုက်သည်။ "တွေ့ကြဖို့ အခွင့်အရေးတစ်ခုရှာလေ၊ မင်း လင်းကျားကိုမေးလိုက်၊ မင်း အလုပ်ဆက်လုပ်ပါဦး၊ ငါ သူမကို သွားစစ်ဆေးလိုက်ဦးမယ်"
လီယွမ်က ခေါင်းညိတ်ပြပြီး ဖန်ကျင်း ထွက်သွားတာကိုကြည့်နေခဲ့တယ်။ သူ အရမ်းစိတ်မကောင်းဖြစ်မိတယ်။
သူမ မြို့တော်A ကို ပြောင်းရွေ့တုန်းက ဖန်ကျင်းရဲ့အဖိုးက ဖန်ကျင်းကို သွားကြိုခိုင်း၍ သူမအတွက် နေရာထိုင်ခင်းစီစဉ်ပေးစေလိုခဲ့တယ်။
![](https://img.wattpad.com/cover/365682519-288-k334142.jpg)
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.