Ch-74 ကြွယ်ဝချမ်းသာမှု။
ချန်ယောင် လေးလေးနက်နက်စဉ်းစား၍ ယင်ထောင်ကို ပြန်ပြောပြလေသည်။ "ညီမ သူ့နာမည်ကိုမသိပေမဲ့ သူက အရမ်းအရှည်ပြီး အသားအရည်နည်းနည်းညိုတယ်၊ သူ့မျက်လုံးထောင့်မှာ အမာရွတ်တစ်ခုရှိပြီး သူ့အကြည့်က ခက်ထန်တယ်၊ ဒါပေမဲ့ သူက လူကောင်းတစ်ယောက်ပါ"
ယင်ထောင် သည် သူမ၏မှတ်ဥာဏ်ကိုအလုပ်ပေး၍စဉ်းစားကြည့်လိုက်ပေမဲ့ ချန်ယောင်၏ဖော်ပြချက်နှင့် ကိုက်ညီသော မည်သူကိုမျှ ရှာမတွေ့ပေ။ မှောင်ခိုဈေးကွက်မှာ သူမ တွေ့တဲ့ အရူးကောင်တွေတောင် ဒီလိုမျက်နှာမျိုး မတွေ့မိချေ။
"ယောင်ယောင်၊ သူက လူကောင်းတစ်ယောက်ဆိုတာ မင်း ဘယ်လိုတောင်ပြောထွက်တာလဲ?" ယင်ထောင် သည် ဓာတ်လှေကားထဲသို့လိုက်လာ၍ ချန်ယောင် နှိပ်လိုက်သော အထပ်ကို မှတ်ထားလိုက်၏။
"သူက အစ်ကို့ကို အိမ်ပြောင်းရွေ့ဖို့ ကူညီပေးခဲ့ပြီး အိမ်ကြီး ၁ လုံးတောင်ပေးခဲ့တာ၊ သူက အစ်ကို့ကို ပိုက်ဆံအများကြီးပေးပြီး အလုပ်လုပ်ခွင့်မပေးဘူး" ချန်ယောင် သည် လူကောင်းတစ်ယောက်ကို မည်သို့သတ်မှတ်သလဲ မသိပေမဲ့ ၎င်းသည် ငယ်ငယ်တည်းက သူတို့မောင်နှမအပေါ် ကူညီရန် ဆန္ဒရှိသော တစ်စုံတစ်ယောက်ရှိသည်မှာ ဒါ ပထမဆုံးဖြစ်သည်။
"သူက တကယ့်ကို လူကောင်းတစ်ယောက်လို့ ထင်ရတာပဲ" ယင်ထောင်၏စိတ်ထဲ အကြံတစ်ခုဝင်လာတယ်။
ဓာတ်လှေကားတံခါးပွင့်လာသည်နှင့်အမျှ ယင်ထောင် သူမ၏ဖုန်းcontact list ကိုဖွင့်၍ ဖန်ကျင်း၏ဖုန်းနံပါတ်ကို နံပါတ် ၁ နေရာတွင် အမြန်ထားလိုက်သည်။
.
ချန်ယောင် တံခါးခေါက်နေစဉ် ယင်ထောင်က အထိတ်တလန့်ဖြင့် သူမဘေးတွင်ရပ်နေ၏။
"ယောင်ယောင်၊ ညီမလေး ပြန်လာပြီ" ချန်ဖေး၏အသံ အခန်းထဲကနေ ထွက်လာ၏။ ယင်ထောင် သည် ဖြေးဖြေးချင်းပွင့်လာသည့် တံခါးကိုကြည့်၍ အဖြူရောင်အိမ်နေရင်းအဝတ်အစား ဝတ်ထားသော ချန်ဖေးကို ပြုံးပြလိုက်၏။
ချန်ဖေးက ယင်ထောင်၏ဘေးတွင် ချန်ယောင်ကိုမြင်သောအခါ လန့်သွားပေမဲ့ သူ့စိတ်ထဲက ထိတ်လန့်မှုကို အမြန်ဖုံးကွယ်လိုက်သည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.