Ch-28 : ဆန့်ကျင်ဘက်။
"အစ်ကိုက ဟိုမှာစောင့်နေတုန်းပဲ၊ကျွန်မ ရှင့်ကို ဒုက္ခမပေးတော့ဘူး၊ခေါင်းဆောင်ဖန်" ယင်ထောင်က ယင်ဟောင်၏ကားဆီသို့ လျှောက်သွားချင်ပေမဲ့ ဖန်ကျင်းက သူမကို တား၏။
"မင်း ငါ့ကားကို လိုက်စီးတာအကောင်းဆုံးပဲ၊စောနက ယင်ဟောင်က မသက်မသာဖြစ်နေတာ..."ဖန်ကျင်းတွင် ရည်ရွယ်ချက်ကောင်းရှိသည်။ ယင်ထောင်၏ခန္ဓာကိုယ်သည် အပုပ်နံ့များဖြင့် အနည်းနှင့်အများ စွန်းထင်းနေသည်။ ယင်ဟောင်၏အသွင်အပြင်ကို သုံးသပ်ကြည့်လျှင် သူမ ယင်ဟောင်၏ကားကိုစီးခြင်းသည် ယင်ဟောင်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်မည်မှာ သေချာသည်။
"ကောင်းပြီ အစ်ကို့ကို သွားပြောလိုက်ဦးမယ်" ယင်ထောင်သည် ဖန်ကျင်း၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး နောက်ထပ် မငြင်းဆန်ခဲ့ပေ။
ယင်ဟောင် သည် သူ့ညီမပြေးလာသည်ကို မြင်သောအခါ ကားတံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။
"ရှောင်ထောင် ပြီးပြီလား။ မင်းကို အိမ်ပြန်ပို့စေချင်လား?ရဲစခန်းကို ပြန်ပို့စေချင်လား?" ယင်ဟောင် သည် သူ့လက်ထဲက ရေဘူးကို တစ်ငုံသောက်ရင်းပြော၏။ သူက အရင်ကထက် အများကြီး ပိုကောင်းလာပြီဖြစ်တယ်။
"အစ်ကိုကြီး၊နေမကောင်းဘူးလား?" ယင်ဟောင် အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်ကို ယင်ထောင် မြင်လိုက်ရပြီး စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"အဆင်ပြေပါတယ်။" ယင်ဟောင်က သူ့ညီမကိုကြည့်ရင်း သူ့နှလုံးသား နာကျင်သွားသည်။ "ရှောင်ထောင်၊ မင်းမကြိုက်ရင် အလုပ်မလုပ်နဲ့။အစ်ကိုက လစဉ် နေထိုင်စရိတ် ပေးနိုင်တယ်။ အလုပ်အရမ်းမကြိုးစားနဲ့။"
"စိတ်မပူပါနဲ့ အစ်ကို။ညီမလေး ဒီအလုပ်ကို တော်တော်ကြိုက်တယ်။ အိမ်အရင်ပြနှင့်၊ညီမလေး ဖန်ကျင်းနဲ့အတူ အလောင်းစစ်ဓာတ်ခွဲခန်းကို သွားမလို့။" ယင်ထောင် သည် ယင်ဟောင်နဲ့သူမ၏ ဆက်ဆံရေး ပိုမိုနီးကပ်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုလှိုင်းလုံးများ တိုးလာသည် ။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.