Ch-70 : ဖုံးကွယ်ထားသောအမှန်တရား။

476 50 0
                                    


Ch-70 : ဖုံးကွယ်ထားသောအမှန်တရား။

"ဘာဖြစ်ခဲ့လို့လဲ? နင် အန္တရယ်ရှိခဲ့တာလား?" ခေါင်းဆောင်ချန်းက မူလက ယင်ထောင် သူတို့နဲ့အတူလိုက်ဖို့ကို ငြင်းခဲ့တာ ပိုင်လော် သိသည်။ ခေါင်းဆောင်ဖန်က ယင်ထောင်ကို ဂရုစိုက်ပါမည်ဟု ကတိပေးခဲ့လို့ ခေါင်းဆောင်ချန်းက သူတို့အား ပြသာနာအချို့ကိုယူဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

"စကားအနည်းငယ်နဲ့ရှင်းပြလို့မရဘူးဟ၊ စကားမစပ်၊ ငါ ဘာမှမဖြစ်ခဲ့ပါဘူး၊ စိတ်မပူနဲ့" ယင်ထောင်က ရေစင်ပေါ်မှ ရေတစ်ခွက်ကို ယူလိုက်ပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည်မှာ အနည်းငယ် ဆန်းကြယ်သည်ဟု ခံစားလိုက်ရသည်။

"ဟူး..၊ ရဲစခန်းမှာ ပရမ်းပတာကို ဖြစ်နေတာပဲ၊ ငါတို့လက်ထဲမှာ အမှုတွေအများကြီးရှိပြီး ဝေကောပိုရေးရှင်းကလည်း ငါတို့ကိုဖိအားပေးနေတုန်းပဲ၊ ခေါင်းဆောင်ချန်းက အထွတ်အထိပ်ကိုရောက်နေပြီ.." ပိုင်လော်က တခဏအနားယူဖို့ပြန်လာခဲ့တယ်။ မနေ့ညက အမှုအတွက်ဆွေးနွေးမှုက ဒီမနက်အစောကြီးမှာ ပြီးသွားခဲ့သည်။

"ဝေကော်ပိုရေးရှင်း?" ဝေဖန်၏အမှုတွင် တိုးတက်မှုမရှိသေးကြောင်း ယင်ထောင် သိသော်လည်း ဝေမိသားစုမှ ရဲများကို ဖိအားလိမ့်မည်ဟု မထင်ထားပေ။

"ဟုတ်ပ၊ ဥက္ကဌဝေက သူ့သမီးဝေကျဲကို ရဲစခန်းကိုအကြိမ်ကြိမ်ခေါ်လာတယ်၊ သူမကို နှစ်သိမ့်ဖို့ အကြီးအကဲဝမ်က လာကြိုပေမဲ့ သူလည်း ကြာရှည်လုပ်နိုင်မယ်မထင်ဘူး" ပိုင်လော် သည် အကြီးအကဲအတွက် စိတ်မကောင်းဖြစ်မိသည်။သူသည် အခြားသူများထက်ပို၍ ကိစ္စရပ်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းလိုသော်လည်း အသုံးဝင်သော သဲလွန်စကို ရှာမတွေ့ပါ။ စိတ်​ပူ​နေတာက အသုံးမဝင်​ချေ။

"မတက်နိုင်ဘူး၊ ဝေဖန်နဲ့လီချောင်ရဲ့အလောင်းမှာ တွေ့ရတဲ့မူးယစ်ဆေးဝါးရဲ့အရင်းအမြစ်အတိအကျကို ငါတို့မှရှာမတွေ့ပဲ၊ မှုခင်းဖြစ်ပွားရာနေရာမှာ သဲလွန်စမရှိဘူး၊ စောင့်ကြည့်ရေးကင်မရာတွေကလည်း သံသယရှိသူကို ဖမ်းယူထားခြင်းမရှိသလို မျက်မြင်သက်သေလည်းမရှိဘူး၊ ဒီအမှုကိုဖြေရှင်းဖို့ လူတိုင်းအတွက် မလွယ်ဘူး" မူရင်းဝတ္ထုထဲက ဖန်ကျင်း နဲ့ သူ့အစ်ကိုကို ပြန်ပေးဆွဲတဲ့လူက အရမ်းသံသယဖြစ်စရာကောင်းတာ ယင်ထောင် ခံစားရတယ်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now