Ch-40 : တစ်စစီဖြစ်နေသောခန္ဓာကိုယ်များ။

717 83 2
                                    


Ch-40 : တစ်စစီဖြစ်နေသောခန္ဓာကိုယ်များ။

"ကျွန်မရဲ့အစ်မက အိမ်ထောင်စုစာရင်းတွေရဲ့အရာရှိပါ၊ သူမကို တကယ့်ရဲအရာရှိလို့ သတ်မှတ်လို့မရဘူး" ယင်နင်းက ယင်ထောင်က မှုခင်းဆရာဝန်တစ်ယောက်အနေနဲ့ သူမ၏အထောက်အထားကို ထုတ်ပြမှာကို စိုးသောကြောင့် ချက်ချင်းဖုံးဖိလိုက်သည်။

"ညီမလေးယင်နင်း၊မင်းကို တစ်ခုလောက်သင်ပေးပါရစေ၊ အိမ်ထောင်စုစာရင်း ရဲတွေတောင် ရဲအရာရှိလို့ သတ်မှတ်တယ်" လင်းကျားက ပြုံးရင်း ဖန်ကျင်းနဲ့ယင်ထောင် ဆီသို့ လှမ်းလာတယ်။

ယင်နင်း စိတ်ဆိုးနေပုံပင်။ အကြောင်းတစ်ခုခုကြောင့် ယင်ထောင် က ဖန်ကျင်းနဲ့လင်းကျားတို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိတယ်လို့ ခံစားရတယ်။

"အစ်မ၊ နင် အဖေနဲ့အမေကို သွားနှုတ်ဆက်သင့်တယ်။ အစ်ကိုဖန်ကျင်း အနောက်ကိုဆက်လိုက်ဖို့ မသင့်တော်ဘူးမဟုတ်လား?" ယင်နင်း က မိတ်ကပ်ပါးပါးလိမ်းခြယ်ထားပြီး ဝတ်စားဆင်ယင်ဖို့ အများကြီးကြိုးစားခဲ့တယ်။ ယင်ထောင်ကြောင့် လူတိုင်းသူမကို လစ်လျုရူကြတာကို လက်မခံနိုင်ပါ။

ယင်ထောင် သည် ယင်နင်း၏စကားကိုကြားသောအခါ နည်းနည်းမပျော်မရွှင်ဖြစ်သွားသည်။ သူမ ဘေးနားက ဖန်ကျင်းကိုကြည့်လိုက်ရာ ဖန်ကျင်းကလည်း သူမကို စိုက်ကြည့်နေတာ သိလိုက်တယ်။

ဘာတွေဖြစ်နေတာလဲ?မြင်မြင်ချင်း အချစ်က ဘာဖြစ်သွားတာလဲ?ဖန်ကျင်းက ဘာလို့ ယင်နင်းကို လုံးဝသတိမထားမိတာလဲ?!

ဇာတ်ကြောင်း၏ ကျိုးကြောင်းဆီလျော်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုကြောင့် ယင်ထောင် အံ့သြသွားသည်။

ဖန်ကျင်းက ယင်နင်း၏စကားကြောင့် သူမ အနေကျဉ်းကြပ်နေသည်ဟု ထင်သွားသည်။ သူက သူမ၏ပခုံးကိုပုတ်၍ ညင်သာစွာပြောလိုက်တယ်။ "မင်းရဲ့မိဘတွေကို သွားနှုတ်ဆက်လိုက်ဦး၊ငါတို့ ရဲစခန်းကို အတူတူပြန်ကြမယ်၊ မင်းကို ကားထဲမှာစောင့်နေမယ်"

ဖန်ကျင်းက ယင်ဟောင်ကို ခေါင်းညိတ်ပြပြီး လင်းကျားနဲ့ထွက်သွားတယ်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now