Ch-57:မှောင်ခိုဈေး။
လင်းကျားက ခေါင်းယမ်းရင်း နောင်တများဖြင့် သူ့ပခုံးကိုပုတ်ပေး၏။ "ကောင်းပြီ၊ မင်းမှာ ယင်ထောင်အပေါ် တခြားရည်ရွယ်ချက်မရှိရင် ငါ သူမကိုလိုက်မယ်၊ အဲအချိန်ကမှ ငါ့ကိုအပြစ်မတင်နဲ့"
ဖန်ကျင်း သည် ပြုံးနေသည့်လင်းကျားကိုကြည့်၍ ဒီကောင်၏အပြုအမူကို နည်းနည်းစိတ်အနှောက်အယှက်ဖြစ်သွားသည်။ "မင်း အောင်မြင်မှ ငါတို့ပြောကြမယ်"
"မင်းက ငါ့ကိုနှိမ်တာလား?ငါ မင်းကိုပြောပြမယ်၊ ငါ မူကြိုတက်ကတည်းက လှပတဲ့မိန်းကလေးတွေကို လက်ဆောင်ဘယ်လိုပေးရမလဲ သိနေပြီ၊ ယင်ထောင်လို မိန်းကလေးကို ဆွဲဆောင်နိုင်မဲ့နည်းလမ်းတွေအများကြီးရှိတယ်" ဖန်ကျင်းက ယင်ထောင်ကို မတူကွဲပြားစွာဆက်ဆံသောကြောင့် လင်းကျားက သူ့တုံပြန်မှုမြင်ရဖို့ တမင်ပြောလိုက်၏။
သို့သော် ယင်ထောင်က တချို့အမျိုးသားများထက်ပင် ရဲရင့် တည်ငြိမ်ပြီး အလွန်ပျက်စီးနေသော အလောင်းရှေ့တွင်ပင် တည်တည်ငြိမ်ငြိမ်ရှိနေသောမိန်းကလေးတစ်ယောက်ဖြစ်တယ်။
"သွားရအောင်၊ ကျွန်မ ထုပ်ပိုးပြီးပြီ" ယင်ထောင်က ဆံပင်ကို ရိုးရိုးရှင်းရှင်းထုံးထားသောကြောင့် ပို၍ပင်ငယ်ရွယ်ပုံပေါက်၏။
ဖန်ကျင်း နဲ့လင်းကျားတို့ အနောက်ကနေ ထွက်လာခဲ့ပြီးနောက် ယင်ထောင်က ဖန်ကျင်းရဲ့ဂျစ်ကားထဲသို့ ဝင်သွားသည်။
"ညီမလေးရှောင်ထောင် ၊နောက်နေ့မှတွေ့မယ်" လင်းကျားက ကားပြတင်းပေါက်မှ ယင်ထောင်ကို လက်ယမ်းပြရင်း သူ့မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခုရှိနေ၏။
ယင်ထောင်လည်း လက်ယမ်းပြခဲ့၏။ ဖန်ကျင်း၏ကား မောင်းထွက်သွားပြီးနောက် လင်းကျားလည်း သူ၏ကားပေါ် တက်လိုက်တယ်။
ကားထဲတွင် ယင်ထောင် သည် တိတ်တဆိတ်ကားမောင်းနေသော ဖန်ကျင်းကိုကြည့်ရင်း သူ့ညာလက်ကိုသတိပြုမိ၏။
"လိမ်းဆေး လိမ်းပြီးပြီလား?" ယင်ထောင် သူ့ဒဏ်ရာပိုသက်သာလာတာ ခံစားမိတယ်။
"အင်း ၊မနက်က လိမ်းထားတယ်" ဖန်ကျင်းက ယင်ထောင် နည်းနည်းယိုင်ကျလာသည်ကို သတိထားမိသောကြောင့် ကားစတီယာတိုင်ကို တင်းတင်းဆုပ်ထားလေ၏။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.