Ch-4 :အလုပ်။

779 56 0
                                    


Ch-4 :အလုပ်။

"အစ်ကိုကြီး၊ညီမလေးက..." ယင်ထောင်က ယင်ဟောင်၏စကားပြောခြင်းကို ငြင်းတော့မည်ဖြစ်သည်။

"ယင်ထောင်၊အမျှော်အမြင်ရှိရှိတွေးတောစမ်းပါဦး၊ယင်နင်းက ယင်မိသားစုရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်များစွာနှင့် တွေ့ဆုံခဲ့ပြီးပြီ၊မင်း အစ်မတစ်ယောက်အနေနဲ့ အဖေ့မွေးနေ့ပွဲကိုမတက်ရောက်လို့မဖြစ်ဘူး" ယင်ဟောင်က ယင်ထောင်၏ ရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ ကားမောင်းထွက်သွားတယ်။

"ဝိုး..နင့်အစ်ကိုက အရမ်းချောတာပဲဟယ်"ပိုင်လော်က ယင်ဟောင် ထွက်သွားသည့်လမ်းကြောင်းကိုကြည့်ရင်း သက်ပြင်းချသည်။

"အဲအစ်ကိုကို နင့်ကိုပေးမယ် ယူမလား?" ယင်ထောင် စိတ်တိုလာသည်။ ဒီတပတ်ပိတ်ရက်ကို မရှောင်နိုင်တော့ပုံပင်။

"မယူချင်ဘူး!" ပိုင်လော်က အဲဒါကို တွေးပြီး ရယ်သည်။ "ငါနင့်ယောင်းမဖြစ်နိုင်တယ်လို့ထင်တယ်!"

ယင်ထောင် သည် မျက်ခုံးပင့်ကာ စဉ်းစားလိုက်သည်။ ဝတ္ထုထဲက ဇာတ်ကွက်က ယင်နင်း၏ဆက်ဆံရေးနှင့် အဓိက ပတ်သက်နေတယ်။ယင်ဟောင်တွင် တရားဝင်လက်တွဲဖော်မရှိသေး၊သူက ရင့်ကျက်တည်ငြိမ်ပြီး လှည့်စားလေ့မရှိ။ အစ်ကိုကြီးသည် အမှန်ပင် ခင်ပွန်းကောင်းအမျိုးအစားဖြစ်ပေသည်။

"ကလေးမ သွားကြမယ်!" ယင်ထောင်က လက်ထဲက ကဒ်ကိုကြည့်၍ ပိုင်လော်ကိုပြောသည်။ "သွားစို့!တစ်ယောက်ယောက်က ငွေရှင်းပေးမှတော့ အဝတ်အစားပိုဝယ်ကြစို့"

ယင်ဟောင်က ဝတ္ထုထဲတွင် အကောင်းမြင်သော ဇာတ်ကောင်တစ်ဦးဖြစ်သည်ကို ယင်ထောင် သတိရမိသည်။ မူလယင်ထောင် အရသာမရှိသော ဇာတ်ကောင်များနှင့် တွေ့ဆုံခဲ့ပြီး ယင်ဟောင်က ပြဿနာများစွာကို ဖြေရှင်းပေးခဲ့သည်။ သို့သော်လည်း ယင်ဟောင်က သူမခံစားမိသောကြောင့် မူလယင်ထောင်က သူနှင့်ဘယ်တော့မှအဆင်မပြေခဲ့ပေ။နောင်တွင် ချမ်းသာသော အကိုကြီးနှင့် ပေါင်းသင်းရန် ကြိုးစားကြည့်သင့်ပုံပေါ်သည်။

ယင်ထောင်နှင့်ပိုင်လော်တို့ ပစ္စည်းအများကြီးမဝယ်ခဲ့ပါ။ပိုင်လော်၏မိသားစုသည် ကောင်းမွန်စွာလုပ်ဆောင်နိုင်သောကြောင့် စတင်ကတည်းက များစွာဝယ်ယူဖို့မလိုအပ်ပါ။သူမတွင် အခြားသူများအပေါ် အခွင့်ကောင်းယူရန် ရည်ရွယ်ချက်မရှိပေ။ယင်ထောင်၏လက်ထဲတွင် မုန့်ဖိုးများစွာရှိသောကြောင့် မွေးနေ့လက်ဆောင်အဖြစ် သူ့အဖေယင်ဒေါင်အတွက် တန်ဖိုးကြီးသော လည်စည်းဝယ်ရန် ယင်ဟောင်၏ကဒ်ကိုအသုံးပြုခဲ့သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now