Ch-32: အောင်သွယ်တော်။

859 92 0
                                    


Ch-32: အောင်သွယ်တော်။

"တကယ်လား?! အဲဒါအရမ်းကောင်းတယ်။ မင်းကြိုက်တာရှိရင် ငါ့ကိုပြော ငါ မိတ်ဆက်ပေးမယ်!" ကျောင်းဟန်က ဖန်ကျင်းကို မိန်းကလေးများနှင့်မိတ်ဆက်ပေးလိုသည်မှာ ထင်ရှားသည်။

"ဘာမိတ်ဆက်ပေးစရာရှိလို့လဲ။ ခေါင်းဆောင်ဖန် မင်း၊ ငါတို့ရဲ့မှုခင်းဆရာဝန်ယင်ကို ဘယ်လိုထင်လဲ?" မင်းတို့နှစ်ယောက်က ကြည့်ကောင်းတယ်၊မင်းတို့နှစ်ယောက်ရဲ့ကလေးက ဘယ်လောက်တောင်လှလိုက်မလဲ မြင်ယောင်ကြည့်လို့ရတယ်!" အများကြီးသောက်ထားသော ခေါင်းဆောင်ချန်းက ငြိမ်ငြိမ်လေးစားနေတဲ့ယင်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၏။

ယင်ထောင်း သည် ခေါင်းဆောင်ချန်း၏စကားကိုကြားသောအခါ လျှာကိုက်လုနီးပါးဖြစ်သွားခဲ့တယ်။ သူမ ရုတ်တရက် အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာသည်။ ယင်ထောင် သည် စောင့်ကြည့်နေတဲ့လူတိုင်းကို ကြည့်ရင်း ရယ်မောတယ်။ သူမ အရှေ့ကသစ်သီးဖျော်ရည်တစ်ခွက်ကို ကောက်ယူ၍ တစ်ကျိုက်တည်း မော့လိုက်တယ်။

"လောလောဆယ်တော့ ချစ်ဖို့ အစီအစဉ် မရှိဘူး" ဖန်ကျင်း က သိသာထင်ရှားစွာ ထိတ်လန့်သွားသော ယင်ထောင်ကိုကြည့်ရင်း ရှင်းပြတယ်။

"အလျင်မလိုပါဘူး၊သင့်တော်တဲ့လူရှိရင် စမ်းကြည့်သင့်တယ်၊ ခေါင်းဆောင်ဖန်ရဲ့အရည်အချင်းနဲ့ဆို ဘယ်မိန်းကလေးက ဆန္ဒမရှိပဲနေမှာလဲ?" ကျောင်းဟန် သည် အဆင်မပြေသည့် အခြေအနေကို လျှော့ချရန် ကြိုးစားပြီး ယင်ထောင် ထိုင်နေသည့်နေရာကို တစ်ချက်ကြည့်လိုက်သည်။

သူမ တကယ်ကို မလိုလားဘူး!ယင်ထောင် စိတ်ပျက်သွားသော်လည်း ဘာမှပြန်မပြောနိုင်ပါ။ သူမ အရှေ့ဟင်းပွဲများကို တူးဆွရင်း ဒေါသကို ထုတ်ပစ်လေ၏။

ဖန်ကျင်း နှင့်အရာရှိများ ဝမ်းသာအားရ စကားစမြည်ပြောနေကြ၏။ ရံဖန်ရံခါတွင် ဖန်ကျင်းက ယင်ထောင်၏ဦးတည်ချက်ကို ကြည့်ကာ သူမ ရပ်တန့်လုနီးပါး စားသောက်နေသည် ကို သတိပြုမိသည်။

ဒီကလေးမလေးက သူစစတွေ့ချိန်ကစလို့ အဆက်မပြတ်စားနေခဲ့တယ်။ ယင်ထောင်၏ဖြောင့်စင်းသော လက်ချောင်းများက တူများကို သွက်သွက်လက်လက် ထိန်းချုပ်နေသည်ကို ကြည့်ရင်း၊ ဖန်ကျင်း သည် သူမ၏ လက်ထဲမှ ဦးရေပြားကို ရုတ်တရက် တွေးလိုက်မိသည်။ အထူးသဖြင့် သူ အများကြီးသောက်ထားကတည်းက ခုန်ပေါက်ထွက်လာသော သူ့အတွေးများကို ချက်ချင်းရပ်လိုက်ရတော့၏။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now