Ch-42 : Serious Case

643 60 0
                                    


Ch-42 : Serious Case

ယင်ထောင်၏စကားတစ်ဝက်ကျော်က သူမ၏ပင်ကိုအသိစိတ်ကြောင့်ဖြစ်သည်။တစစီဖြစ်နေသော အလောင်းများ၏ ရက်စက်ကြမ်းကြုတ်မှုက အတိုင်းအတာက အံ့အားသင့်စရာဖြစ်၏။စန်းဖန်က လူသတ်သမားဖြစ်ခဲ့ရင် သူငှားထားသောတိုက်ခန်းတွင် ဒီလိုကျုးလွန်လိမ့်မည်မဟုတ်ပါ၊သူ့ကိုယ်သူ ထုတ်ဖော်ဖို့ကသိပ်ကိုသိသာသည်။

ဖန်ကျင်း က ယင်ထောင်၏ခန့်မှန်းချက်ကို သဘောတူပြီး ခေါင်းဆောင်ချန်းကို ပြောလိုက်သည်။ "စန်းဖန်နဲ့အိမ်ရှင်တို့ရဲ့လူမှုဆက်ဆံရေးနယ်ပယ်ကို စုံစမ်းပြီး မကြာသေးခင် ဘယ်သူတွေနဲ့အဆက်အသွယ်ရှိသလဲကို ကြည့်သင့်တယ်။"

ခေါင်းဆောင်ချန်းက ခေါင်းညိတ်ပြပြီး သူ့ဘေးနားရှိ ရဲအရာရှိများကို ညွှန်ကြားခဲ့တယ်။

"ဆရာက ဒီသေတ္တာထဲက အလောင်းတွေရဲ့ သွေးဆုံးရှုံးမှုပမာဏက အရမ်းနည်းတယ်။" ယင်ထောင်က ဒီအလောင်းတွေကို အထူးကိုင်တွယ်ရမည်ဟု ခံစားရတယ်။ "နှလုံးခုန်တာ ရပ်သွားတဲ့အခါ သွေးတွေ ရပ်သွားပေမယ့်၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အများကြီးနဲ့ ခြေလက်တွေ ကျိုးနေတယ်၊ သွေးပမာဏက မနည်းသင့်ဘူးလေ"

စုမင် လည်း ဒီပြသာနာကို သဘောပေါက်သွားသည်။ သူက ခေါင်းညိတ်၍ ယင်ထောင်ကိုပြော၏။ "ဟုတ်သား၊သွေးကြောလေးတွေမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ ဖြတ်သွားပေမယ့် သိသိသာသာ သွေးထွက်လွန်တာမျိုးမရှိဘူး"

ယင်ထောင် သည် ဒါက ဘာကိုဆိုလိုမှန်းသိ၏။လူသတ်သမားသည် အခင်းဖြစ်ပွားရာနေရာအား သန့်ရှင်းရေးလုပ်ခဲ့ခြင်း သို့မဟုတ် သားကောင်၏သွေးများ ခြောက်သွေ့အောင် စုပ်ယူခဲ့ခြင်းပင်ဖြစ်သည်။

"လူသတ်သမားက ဒီလိုပုံးကြီးတစ်ပုံးကြီးနဲ့ ဘာလုပ်ဖို့ ကြိုးစားတာများလဲ?" ဖန်ကျင်း ဒီအမှုမှာ သံသယဖြစ်စရာအချက်တွေ အများကြီးရှိတယ်လို့ ခံစားရတယ်။

"တရားခံတွေက အလောင်းတွေကို ဖျောက်ဖို့ ကြိုးစားလေ့ရှိတယ်။ အလောင်းတွေကို ခွဲစိပ်ပြီးရင် အလောင်းကို လွှင့်ပစ်မယ်၊ ဖျောက်ပစ်တက်တယ်" ဟု ယင်ထောင် အမြဲလိုလိုခံစားမိသည်။ဖောက်ဖျက်မှုတွေဟာ ရက်စက်ပုံပေါက်ပေမယ့် တရားခံတွေဟာ သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့ များသောအားဖြင့် သပ်သပ်ရပ်ရပ်လက်စဖျောက်တက်ပေသည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now