Ch-3:အစ်ကိုကြီး။
"အဆောင်အလွတ်တွေ အများကြီးရှိတယ်။ ငါနေတဲ့အခန်းမှာ ကုတင်အပိုရှိတယ်။"ပိုင်လော်က ယင်ထောင်ကိုဆွဲ၍ နွေးနွေးထွေးထွေးပြောသည်။ "ဒီလောက် ဒုက္ခတွေ အများကြီး ကြုံနေစရာ မလိုဘူး။ check-in လျှောက်လွှာကို ငါဖြည့်ပေးမယ်။ငါနဲ့လိုက်နေပါ"
"ကောင်းသားပဲ"သူတို့ စကားအနည်းငယ်သာ ဖလှယ်ခဲ့ကြသော်လည်း ယင်ထောင်သည် သူမ အရှေ့ရှိ မိန်းကလေးသည် အလွန်ပင်ကိုယ်ရည်ကိုယ်သွေးကောင်းသည်ဟု ခံစားမိသည်။မူလယင်ထောင်က မှုခင်းဆရာဝန်အဖြစ်မှ နှုတ်ထွက်ခဲ့သောကြောင့် ဝတ္ထုတွင် ပိုင်လော်၏ဖော်ပြချက်များစွာမရှိခဲ့ပေ။သို့သော် သူမ၏ ဟန်ဆောင်ညီမလေးနှင့် နှိုင်းယှဉ်ပါက ထိုမိန်းကလေးက သူမနှင့်ပေါင်းသင်းဖို့ပို၍လွယ်ကူသည်ကို သူမပြောနိုင်သည်။
ပိုင်လော်၏စိတ်အားထက်သန်သော လမ်းညွှန်မှုအောက်တွင် ယင်ထောင် သည် ရဲစခန်း၏ ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ ရင်းနှီးလာခဲ့သည်။ သူမသည် အလွန်လိုက်လျောညီထွေရှိပြီး ဤအလုပ်အတွက် မူလယင်ထောင် ထက် သိသိသာသာ ပိုသင့်လျော်သည်။
"ရှောင်ထောင်၊နင့်အိမ်ပြန်ခရီးကနေပြန်လာတာကို ငါဘာကြောင့်များ နင့်ကို တခြားလူတစ်ယောက်လိုခံစားမိတာလဲ?နင်က စကားတပြောပြော ပြောတက်တဲ့ဟာကို" ပိုင်လော် သည် ယင်ထောင်၏ခရီးဆောင်အိတ်များကိုမြင်သောအခါ သိပ်မပြောတော့။ယင်ထောင်က အရင်ကထက်များစွာအဆင်ပြေသည်ဟု ခံစားရတယ်။
"အိုး အဲလိုလား?ငါ့အလုပ်ကိုအလေးအနက်ထားဖို့ ဆုံးဖြတ်ထားလို့နေမယ်"ယင်ထောင်က ဗီရိုထဲသို့ အဝတ်အစားများကို ချိတ်ဆွဲရင်း ကို့ရို့ကားယားအပြုံးဖြင့်ပြောလာသည်။
သူမက မူလယင်ထောင်နှင့်အတော်လေးကွာခြားပုံပေါ်နေသည်။ သူမကို အချိန်အကြာကြီး မသိခဲ့သော လုပ်ဖော်ကိုင်ဖက်များပင်လျှင် နားလည်နိုင်သည်။ ကံကောင်းထောက်မစွာ၊ သူမက ယင်အိမ်တွင်မနေလို့၊မဟုတ်ရင် ယင်နင်းနှင့်ကျောင်းယွဲ့တို့က သူမရဲ့ ပုံမှန်မဟုတ်တာကို သတိပြုမိလိမ့်မယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomansAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.