Ch-68 :ကာကွယ်မှု

416 52 0
                                    


Ch-68 :ကာကွယ်မှု

ဖန်ကျင်းက အားနာမနေပဲ သူ့အိမ်ကဲ့သို့ ပြုမူသည်။ယင်ထောင် သည် ဒီအချိန်ကြီး သူ့ကို နည်းနည်းနှောက်ယှက်တာ များလွန်းတယ်လို့ ခံစားမိပြီး နည်းနည်းရှက်နေ၏။

"ခန္ဓာကိုယ်နွေးစေဖို့ ရေနွေးသောက်လိုက်ဦး" လင်းကျားက ရေနွေး၂ခွက်လောင်းထည့်ပေးပြီး ယင်ထောင် အတွက် စောင်တစ်ထည်လည်း ပေးတယ်။

"ကျေးဇူးတင်ပါတယ် အစ်ကိုလင်းကျား" ယင်ထောင် ပခုံးထက်တွင် စောင်ကိုခြုံလျက် ဆိုဖာပေါ်တွင်ထိုင်ကာ ရေနွေးသောက်နေ၏။

လင်းကျားက ဆိုဖာပေါ်က လူနှစ်ယောက်ကိုကြည့်ရင်း ခေါင်းကိုက်လာတယ်။ သူက ဖန်ကျင်းကိုမေးလိုက်တယ်။ "ဒီနေ့ ဘာဖြစ်နေတာလဲ? မှောင်ခိုဈေးကွက်မှာ ပရမ်းပတာဖြစ်နေတာ ကြာပြီလေ၊ ခေါင်းဆောင်ဖန်က ဘာလို့ ဒီနေ့မှာလျှို့ဝှက်အေးဂျင့်လုပ်ဖို့ ဆုံးဖြတ်တာလဲ?"

"ငါက လျို့ဝှက်အေးဂျင့်မဟုတ်ဘူး၊ မှောင်ခိုဈေးကွက်နဲ့ဆက်နွှယ်နေတဲ့ အမှုတစ်ခုရှိနေလို့" ဖန်ကျင်းလည်း ရေနွေးတစ်ငုံ့သောက်၍ လင်းကျားကိုကြည့်ရင်း ဖြေးဖြေးချင်းပြောပြသည်။ "မှောင်ခိုဈေးကွက်မှာ လူ့အင်္ဂါအစိတ်အပိုင်းတွေ ရောင်းနေတယ်လို့ ငါ သံသယဖြစ်မိတယ်"

လင်းကျား၏အမူအရာ နည်းနည်းလေးနက်သွားသည်။ သူက သက်ပြင်းချ၍ ပြောလာသည်။ "ငါတို့ ဘာမှလုပ်လို့မရဘူး၊ နှစ်အတော်ကြာပြီးနောက် သူတို့က ဘယ်သူက ကာကွယ်ပေးထားသလဲ ငါတို့မသိသေးဘူးမြို့တော်ဝန်က လမ်းမီးနဲ့စောင့်ကြည့်ရေးကင်မရာများကို ပေါင်းထည့်ဖို့ များစွာစိုက်ထုတ်ခဲ့တယ်၊ ငါတို့ ဘာသဲလွန်စမှရှာမတွေ့ခဲ့ဘူး"

"မှောင်ခိုဈေးကွက်ရဲ့ အမှောင်အင်အားစုတွေကို ဖြုတ်ချဖို့ဆိုတာမလွယ်ဘူး၊ ရဲတွေကလည်း လျှို့ဝှက်အေးဂျင့်တွေ ထည့်ထားတယ်၊ ဒါပေမဲ့ ဒီကိစ္စက နည်းနည်းဆန်းကြယ်၊ မှောင်ခိုဈေးကွက်ထဲကို နက်နက်နဲနဲ မဝင်မချင်း သဲလွန်စတွေ ရှာမတွေ့မှာ စိုးတယ်။" ဖန်ကျင်းသည် တစ်စစီအမှုတွင် အကြီးဆုံးသံသယရှိသူ-စန်းဖန်၏ သေဆုံးမှုသည် မှောင်ခိုဈေးကွက်နှင့် ဆက်နွှယ်သည်ဟု ယူဆထားသည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now