Ch-95 ပလပ်စတစ်ဆာဂျရီ။

351 30 1
                                    



Ch-95 ပလပ်စတစ်ဆာဂျရီ။

"ဟုတ်တယ်၊ စုန့်ရီ က ငယ်ရွယ်ချောမောပြီး ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးရှိတယ်၊ သူမ ပျောက်ဆုံးသွားရတဲ့ အကြောင်းရင်းကို မသိရသေးသလို သူမရဲ့ နေအိမ်က လီတင်းရဲ့ယခင် လှုပ်ရှားခဲ့တဲ့နေရာနဲ့ အရမ်းနီးတယ်" ဖန်ကျင်း သည် ဤအမှုနှင့်ပတ်သက်၍ အခြားအရာများ ရှိသင့်သည်ဟု ခံစားမိသည်။ "ဒါပေမယ့် အခု ပထမဆုံးသံသယရှိသူကတော့ တိုင်ကြားသူ(သတင်းပေးသူ)၊ စုန့်ရီရဲ့ခင်ပွန်းဖြစ်သင့်တယ်"

"စုန့်ရီရဲ့အလောင်းကို အရှေ့ဘက် ဆင်ခြေဖုံးမှာရှိတဲ့ ချန်းယုမြို့မှာ မြှပ်နှံခံထားရတယ်၊ပျောက်ဆုံးမှုကို တိုင်ကြားတဲ့သူက သူမရဲ့ခင်ပွန်းဖြစ်နေတာလား?" စုန့်ရီ ပျောက်ဆုံးသွားကြောင်း သတင်းပို့ခဲ့သူ နှင့် အလောင်းကို ရှာဖွေတွေ့ရှိသူဟာ သူ့ခင်ပွန်းဖြစ်တယ်ဆိုရင် သူမရဲ့ခင်ပွန်းက သံသယဖြစ်ဖို့အကောင်းဆုံး ထိပ်ဆုံးအဆင့်တွင် ရှိသည်ဟု ယင်ထောင် ခံစားရတယ်။

"သူမရဲ့ခင်ပွန်းပဲ၊ နှစ်ကြိမ်စလုံးကို လာအကြောင်းကြားတာ သူမရဲ့ခင်ပွန်းပဲ" ဖန်ကျင်း သည် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်နေ၏။ ညအချိန်ဖြစ်သောကြောင့် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားအမြောက်အမြားမရှိပေ။

"တရားခံကို ဆုံးဖြတ်ဖို့ ဒီဟာကိုပဲ အားကိုးလို့ မရဘူး။ အလောင်းစစ်ပြီးမှ အဲဒီအကြောင်း ပြောကြရအောင်။ ယင်ထောင် က တခြားသူတွေပြောတာကို ဘယ်တော့မှ မယုံတက်ပါ။ အလောင်းက သူမကို ပြောသည့်အရာသာ အမှန်ဖြစ်သည်။

ယင်ထောင် သည် အရမ်း တက်ကြွနေပေမယ့် သူမရဲ့လက်မောင်းက နာကျင်မှုက အစစ်အမှန်ဖြစ်သည်။

"အဆင်ပြေရဲ့လား?" ဖန်ကျင်း သည် ယင်ထောင်ရဲ့ခန္ဓာကိုယ် မသက်မသာဖြစ်နေသည်ကို သတိပြုမိပြီး နည်းနည်းစိတ်မကောင်းဖြစ်သွားသည်။"တောင်းပန်ပါတယ်။ ငါ မင်းကို လေ့ကျင့်မပေးခဲ့ရင် မင်း ဒီလောက် အဆင်မပြေဖြစ်မှာ မဟုတ်ဘူး။"

"ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မက လေ့ကျင်ခန်းလုပ်တာမျိုး မရှိခဲ့ဘူးလေ၊ နောက်ဆို ပိုလေ့ကျင်ဖို့လိုအပ်ရုံလေးပါပဲ" ယင်ထောင် သည် သူမ၏ ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲမှုကို ခံနိုင်သည်။ ဖန်ကျင်း သူမကို ကူညီခဲ့သောကြင်နာမှုကို သူမ အပြစ်မတင်ပါပေ။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now