Ch-78 :ပင်လယ်ကမ်းစပ်

371 52 1
                                    



Ch-78 :ပင်လယ်ကမ်းစပ်

ယင်ထောင် စိတ်ဓာတ်နည်းနည်းကျနေ၏။ သူမ၏နှလုံးသားထဲ ရူပ်ထွေးလျက် ပန်းတိုင်မဲ့လျှောက်လာရင်း အိတ်ကပ်ထဲက ဖုန်းက ရုတ်တရက် တုန်ခါသွားသည်။

ယင်ထောင် ဖုန်းကိုထုတ်လိုက်သည်။ ဖုန်းခေါ်ဆိုသူ ID မှာ ဖန်ကျင်း ဖြစ်သည်ကို သူမတွေ့လိုက်ရသောအခါတွင် ဖုန်းခေါ်မှုကိုချက်ချင်း ဖြေကြားလိုက်သည်။

"ဟဲလို၊ အစ်ကိုဖန်" ယင်ထောင်၏အသံ နည်းနည်းဆိုးဝါး၏။ ညဘက်တွင် လေက ပြင်းတန်သောကြောင့် တဖြေးဖြေးအေးလာသည်။

"မင်းဘယ်မှာလဲ?" ဖန်ကျင်းက ယင်ထောင် အထဲမှာမရှိတာ ကြားတော့ စိုးရိမ်တကြီးမေး၏။

"ဖူယာစုန့်နားမှာ..." ယင်ထောင် ဖြေးဖြေးချင်းလျှောက်လာသည်။ သူမ 'ဖူယာစုန့်' နှင့် မီတာတစ်ရာအောက်သာ ဝေးသည်။

"ကောင်းပြီ၊ ငါ မင်းကိုလာကြိုမယ်" ဖန်ကျင်းက ဖုန်းပြောပြီးနောက် ဖုန်းချလိုက်သည်။

ယင်ထောင် သူမ၏ကျောပြင်ပေါ် သို့ တိုက်ခတ်သောလေက နည်းနည်းအေးသည်ဟု ခံစားမိပေမဲ့ ဖန်ကျင်းရဲ့အသံက နွေးထွေးမှုအချို့ကိုပေးစွမ်းသည်။ သူမ ဖြေးဖြေးချင်းလျှောက်လာစဉ် သူမ ရှေ့တွင် အနက်ရောင်ဂျစ်ကားတစ်စီး ရပ်သွားသည်။ ထိုမှသာ ယင်ထောင် ဖြေးဖြေးချင်း စိတ်ပြန်လည်လာသည်။

"တက်လေ" ဖန်ကျင်း သည် ရှေ့ခရီးသည်ထိုင်ခုံ၏ တံခါးကိုဖွင့်ကာ ယင်ထောင် ဝင်လာသည်ကို ကြည့်နေလေသည်။

ဖန်ကျင်း သည် အပူပေးစက်ကိုဖွင့်လိုက်ပြီး ယင်ထောင်၏ စိတ်ဓာတ်ကျနေသည့်အမူအရာကို ကြည့်နေလေသည်။ သူက သူ့အိတ်ကပ်ထဲက သကြားလုံးတစ်ထုပ်ကို ထုတ်လိုက်ပြီး ပြောလာသည်။ "စိတ်မပျော်ရင် အချိုတစ်ခုခုစား၊ သကြားက ဒိုပါမိန်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ ၎င်းက စုပ်ယူပြီး ပျော်ဝင်သွားပြီးနောက် အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး စိတ်ဓာတ်ကျတာ ကိုသက်သာစေတယ်၊ မင်းရဲ့စိတ်အခြေအနေလည်း ကောင်းလာလိမ့်မယ်"

ဖန်ကျင်း ပြောတာကြားတော့ ယင်ထောင် မထိန်းနိုင်ပဲ ရယ်တော့သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now