Ch-65 : ရန်သူဖြစ်လာခဲ့ခြင်း။

846 90 0
                                    


Ch-65 : ရန်သူဖြစ်လာခဲ့ခြင်း။

"ကောင်းပြီ၊ ငါ ဒီနေ့ပျော်ခဲ့တယ်၊ မနက်ဖြန်မှ ဆက်စို့" ဖန်ကျင်းက ဂျန်ရှင်းရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ သူက ကျုံးဟူကိုကြည့်လိုက်ပြီး ခပ်ထူထူပိုက်ဆံတအုပ်ကို ပစ်ပေးလိုက်သည်။

"သခင်လေးဖန် ပျော်သရွေ့ပါ၊ ငါတို့မှာ အခြားပရောဂျက်တွေလည်း ကျန်ပါသေးတယ်၊ မင်း ပတ်ကြည့်နိုင်ပါတယ်" ကျုံးဟူက ဖန်ကျင်းပေးသော ပိုက်ဆံကိုသိမ်း၍ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပိုကျယ်ပြန့်သွားသည်။

ဖန်ကျင်းက ယင်ထောင်ကို ဖက်၍ ထွက်သွားဖို့ ထလိုက်သည်။ သို့သော် သူမအနောက်က ဂျန်ရှင်း ကြောင့် သူမ ရပ်တန့်သွား၏။

"သခင်လေးဖန်၊ မင်း အနိုင်ရတာနဲ့ ထွက်သွားဖို့လုပ်တယ်၊ မင်း နည်းနည်းစိတ်မပူဘူးလား?"

ဂျန်ရှင်းရဲ့အကြည့်များသည် ယင်ထောင်အပေါ် တဝဲလည်လည် ရှိနေပြီး ဖန်ကျင်းအနားသို့ကပ်လာသည်။ သူက အသံလျော့၍ ပြောလာသည်။ "ငါ ဒီနေ့အများကြီးရူံးထားတာ၊ သခင်လေးဖန် ငါ့ကို အဲမိန်းကလေးကို ရက်နည်းနည်းလောက်ငှားပါ၊ ငါတို့ ခင်မင်ရင်းနှီးမှု သင်္ကေတအဖြစ် စဉ်းစားပေါ့"

ဂျန်ရှင်း၏ လေသံသည် သိမ်မွေ့သည်။ ဖန်ကျင်းက သူ့ကို အေးစက်စက်ကြည့်၍ ယင်ထောင်၏လက်ကိုဆုပ်ကိုင်ထားသည်။ ဘေး၌ ရပ်နေသည့် ယင်ထောင် တောင် အားလုံးရှင်းရှင်းလင်းလင်းကြားရတယ်။ ဆံနီယောကျာ်းကိုကြည့်ရင်း သူမ နည်းနည်းမျက်မှောင်ကြုံ့ကာ ကြည့်နေခဲ့တယ်။

ဖန်ကျင်း မလိုလားမှန်း သိသာထင်ရှားစွာ မြင်လိုက်ရသည်နှင့် ဂျန်ရှင်းက ယင်ထောင်အပေါ် ပို၍စိတ်ဝင်စားလာသည်။ သူက သူ့ဘေးက ဆံပင်ရွှေရောင်ဘာဘီလေးကိုဆွဲ၍ ဖန်ကျင်းကိုစည်းရုံးသည်။ "ညီအစ်ကို၊ အရသာပြောင်းကြည့်ရအောင်၊ လိုလီက သွေးနှောသူလေ၊ သူမကို ပြုစုပျိုးထောင်ဖို့ ငါ အများကြီးစိုက်ထုတ်ထားရတာ"

ဆံပင်ရွှေရောင်ဘာဘီလေးက ဖန်ကျင်းကို ဆွဲဆောင်မှုရှိတဲ့ အကြည့်တွေနဲ့ ကြည့်နေလေသည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now