Ch-19 :ပါဝင်ခြင်း။

673 78 0
                                    


Ch-19 :ပါဝင်ခြင်း။

"အရာရှိချန်း၊ရှင့်ကိုယ်ရှင်လည်း ဂရုစိုက်ပါဦး" ယင်ထောင်မောပန်းနွမ်းနယ်နေသော ခေါင်းဆောင်ချန်းကို စိုးရိမ်တကြီးကြည့်နေမိသည်။

"ဟူး..အဆင်ပြေတယ်"ခေါင်းဆောင်ချန်း က အမှုအစီရင်ခံစာကို ချ၍ ယင်ထောင်ကိုပြောလာသည်။"City A မှာ ဒီလို ယုတ်မာတဲ့ ရာဇ၀တ်မှုတွေ များများစားစား မရှိဘူး၊ ဒါ့အပြင် လူသတ်သမားက ရာဇ၀တ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ အလားအလာရှိလောက်တယ်။ လူသတ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိဖို့ လိုတယ်"

ခေါင်းဆောင်ချန်း၏လေးနက်သောအမူအရာကိုကြည့်ရင်း ယင်ထောင် သူ့အပေါ် ပို၍ပင် လေးစားလာခဲ့သည်။

"ဒေါက်တာယင်၊မင်း အချိန်ကိုက်ရောက်လာတာပဲဗျာ" ခေါင်းဆောင်ချန်းက အမှုဆန်းစစ်ထားသောအစီရင်ခံစာ ကိုဖွင့်လိုက်သည်။ "အမှုဖြစ်စဉ်အရ တူညီတဲ့လူက လူသတ်မှု သုံးခုကို ကျူးလွန်ဖို့ အခွင့်အလမ်းများတယ်။ မင်းက ငယ်ရွယ်ပြီး စေ့စပ်သေချာတယ်။ လူသတ်မှုကျူးလွန်သူရဲ့ ပရိုဖိုင်ခွဲခြမ်းစိတ်ဖြာချက်ကို ကြည့်ရှုပေးပါ။ ငါတို့ လွဲချော်နေတာ တစ်ခုခုရှိလားလို့"

ယင်ထောင် အစီရင်ခံစာကို ကောက်ယူပြီး လေးနက်စွာ စတင်ဖတ်ရှုသည်။

လူသတ်မှုကျူးလွန်သူ ၁ : အသက် ၄၃ နှစ်၊ကျန်းရုံ၊အမျိုးသား၊လောင်းကစား၊ မုဒိမ်းကျင့်မှု၊ သိုင်းဝိုင်းနှင့် ပတ်သက်မှု ရှိခဲ့ဖူး၏။ ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်။ သူသေဆုံးပြီးနောက် သူ့အလောင်းကို မြို့သစ်ခရိုင် စုန့်မြစ်သို့ စွန့်ပစ်ခဲ့တယ်။

လူသတ်မှုကျူးလွန်ခံရသူ ၂ :စန်းရန်၊အသက် ၆ နှစ်၊ အမျိုးသား၊အသက်ရှင်စဉ်အခါက အတော်လေး ရိုင်းစိုင်းပြီး သတ္တိရှိတယ်။ အသက်ရှုကြပ်ကာ သေဆုံးခဲ့ရခြင်း။ သူသေဆုံးပြီးနောက် အလောင်းကို မြို့သစ်ခရိုင်၊ စုန့်မြစ် တွင် စွန့်ပစ်ခဲ့သည်။

လူသတ်မှုကျူးလွန်ခံရသူ ၃ : ကျန့်ဝေ၊ အသက် ၃၁ နှစ် ၊ကုန်တိုက် အရောင်းဝန်ထမ်း၊ ဝန်ဆောင်မှု ညံ့ဖျင်း၊ စိတ်တို၊ လည်ပင်း တွင် ဒဏ်ရာရှိ၊ ခန္ဓာကိုယ် တွင် ဓားဒဏ်ရာ အများအပြား ရရှိခဲ့ပြီး သေဆုံးသည့် နေရာ မှာ တစ်ဦးတည်းနေထိုင်သည့် အငှားတိုက်ခန်း တွင် သေဆုံးခဲ့ခြင်း။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now