Ch-58 : ကောလဟာလများကိုစောင့်ကြည့်ခြင်း။

712 62 0
                                    


Ch-58 : ကောလဟာလများကိုစောင့်ကြည့်ခြင်း။

ဖန်ကျင်း က ကျဲယုကို ရှာတွေ့ခဲ့ပြီး ကားထဲသို့ ယင်ထောင်နဲ့ကျဲယုတို့နှင့်အတူမဝင်ခင် တခြားရဲအရာရှိမှုကို လမ်းညွှန်မှုတချို့ပေးခဲ့သည်။

"ခေါင်းဆောင်ဖန်၊ အခု ကျွန်တော်တို့ ရဲစခန်းကို သွားကြမှာလား?" ကျဲယုက ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ဖန်ကျင်းကို မေးလာ၏။

"အင်း၊တစ်စစီအမှုအတွက် သံသယရှိသူ၊ကျုံးနန်အကြောင်း ငါ သွားစုံစမ်းမလို့" ဖန်ကျင်းက အနောက်တွင်ထိုင်နေသော ယင်ထောင်ကိုကြည့်၍ ပြောလိုက်သည်။ "မနေ့က ‌ဟော့ပေါ့ဆိုင်မှာ တွေ့ခဲ့တဲ့ လူယုတ်မာရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ငါ ကိုင်တွယ်ပြီးပြီ၊ နောက်မှ မင်းရဲ့ဖုန်းထဲ ပို့ပေးမယ်၊ တချက်ကြည့်ကြည့်ပေးပါ"

ကျဲယု က ဖန်ကျင်းရဲ့စကားကိုကြားသောအခါ အပြစ်တင်၏။ "ခေါင်းဆောင်ဖန် တကယ်ကြီးလား? မနေ့က ခင်ဗျား ဟော့ပေါ့ဆိုင်သွားခဲ့တယ်ပေါ့၊ ဘာလို့ ကျွန်တော့်ပါမခေါ်သွားတာလဲဗျာ"

"ဘာလို့ မင်း နေရာတကာလိုက်မှာလဲ? ငါ့သူငယ်ချင်းရဲ့သီးသန့်စုဝေးပွဲကို မင်းကိုပါ ခေါ်သွားရမှာလား?" ဖန်ကျင်းက နှုတ်ခမ်းဆူထားသော ကျဲယုကိုကြည့်၍ ကားကို ဂရုတစိုက်မောင်းဖို့ ညွန်ကြား၏။

"အင်း၊ ဒေါက်တာယင်လည်း သွားတယ်မဟုတ်ဘူးလား?" ကျဲယု နောက်ကြည့်မှန်မှတဆင့် ယင်ထောင်ကို ကြည့်၍ ပြုံးသည်။ "ဒေါက်တာယင်၊ ခေါင်းဆောင်ဖန်က အားလပ်တဲ့အချိန်တွေမှာလည်း တင်းကြပ်လေ့ရှိလား?"

"အဆင်ပြေပါတယ်၊ မင်းတို့ ဖန်ကျင်းအကြောင်းသိသလောက် အစ်မ ဖန်ကျင်းအကြောင်းမသိသေးဘူး၊ ဒါ့ကြောင့် မင်းသိလောက် အစ်မ မသိဘူး" ကျဲယု က ဖန်ကျင်းနဲ့အများဆုံးရှိတက်တယ် လို့ခံစားမိတယ်။

"ခေါင်းဆောင်ဖန်ရဲ့စေ့စပ်သူကပဲ သူ့အစစ်အမှန်ကိုထုတ်ဖော်နိုင်မှာ စိုးမိတယ်"

ကျဲယု ပြောပြီးနောက် ယင်ထောင် စပ်စုမေးမြန်း၏။ "မင်းတို့ခေါင်းဆောင်ဖန် မှာ စေ့စပ်ထားတဲ့သူ ရှိတယ်?"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now