Ch-29 : ဆေးများ။
"ဝေဖန်ရဲ့ကားသမား?"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ယင်ထောင် အံ့ဩလွန်း၍ မျက်လုံးပြူးသွား၏။ "သူ မနေ့ညက ဝေဖန်နဲ့မတွေ့ခဲ့လို့လား?သေဆုံးတဲ့အချိန်က မကိုက်ညီဘူး"
"ဝေဖန်က အသတ်ခံရပြီးပြီ၊မနေ့ညတွေ့ခဲ့သူက လီချောင်ဆိုတာ ဘယ်သူကမှ သက်သေမပြနိုင်ဘူး" ဖန်ကျင်း သူ့ရှေ့တွင် စိမ်းစိုနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူ့မှန်းဆချက် ပိုသေချာလာသည်။ ဝေဖန် မနေ့ညကတွေ့ခဲ့သောကားမောင်းသမား သည် လီချောင် မဟုတ်ပေ။
"ဒါဆို မနေ့က ဝေဖန်ကို ခေါ်သွားခဲ့တဲ့လူက လူသတ်သမားလား?" ယင်ထောင်က ရပ်တန့်၍ ဖန်ကျင်းကိုကြည့်လိုက်၏။ "စောင့်ကြည့်ရေးကင်မရာကနေ ဖမ်းမိလား?"
ဖန်ကျင်းက ခေါင်းခါယမ်းတယ်။ "လူသတ်သမားက ထောက်လှမ်းမှုကနေ လွတ်မြောက်နိုင်တဲ့ အရည်အချင်းရှိပြီး ဟိုတယ်ရဲ့ စောင့်ကြည့်ရေးဗီဒီယိုကို ဖျက်ဆီးထားတယ်။ကားထဲမှာ black box လည်းမရှိတော့ဘူး"
"သေဆုံးသူဟာ ရေနစ်သေဆုံးပေမယ့် ထင်ရှားတဲ့ ဒဏ်ရာတော့မရှိဘူး။ သတိမေ့နေတုန်း မြစ်ထဲ ပစ်ချခံရတာ ဖြစ်နိုင်တယ်" ဟု ယင်ထောင်က မှတ်တမ်းတင်နေရင်းပြောပြ၏။
"သတိမေ့ရတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်မလား။" ဖန်ကျင်းက ယင်ထောင်ကိုမေးသည်။
"အင်း၊ဒါပေမဲ့ ကျွန်မတို့ သွေးနဲ့ အစာအိမ်အရည်တွေကို စစ်ဆေးဖို့ လိုတယ်" ယင်ထောင်က သေဆုံးသွားသူ၏ ဝမ်းဗိုက်ကို ဖြတ်ထုတ်ခါနီးတွင် သူမဘေးမှ ဖန်ကျင်း ကိုကြည့်လိုက်သည်။ "ခေါင်းဆောင်ဖန်၊ဝေးဝေးမှာရပ်နေတာ ပိုကောင်းပါတယ်" ဟု သူမ အကြံပေးလိုက်သည်။
ဖန်ကျင်း လည်း အလောင်းမှ ဝေးရာသို့ ဆုတ်သွားပြီး ယင်ထောင် နောက်တွင် ရပ်လိုက်သည်။
ဖန်ကျင်း သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူ့ဘဝတစ်လျှောက်လုံး အမှတ်ရစေမည့်မြင်ကွင်းဖြစ်ခဲ့တော့သည်။ယင်ထောင် သည် သေဆုံးသူရဲ့ဝမ်းဗိုက်က အစိမ်းရောင်အရေခွံနဲ့ ထိတွေ့လိုက်တာနဲ့ အလောင်းရဲ့အရေပြားဟာ ကြီးမားသောပူဖောင်းတစ်ခုလို တုန်ခါနေပြီး ဖန်ကျင်း ရှေ့ ပွင့်ထွက်သွား၏။

YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.