Ch-96 မ‌ကောင်းဆိုးဝါးမ။

185 26 0
                                    


Ch-96 မ‌ကောင်းဆိုးဝါးမ။

"ခေါင်းဆောင်၊ သေဆုံးသူရဲ့အထောက်အထားကို ဘယ်လိုအတည်ပြုလိုက်တာလဲ?" ယင်ထောင်သည် အမျိုးသမီးအလောင်း၏ ဦးခေါင်းကို ညင်သာစွာ လှည့်ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားသော ဒဏ်ရာများမရှိသော်လည်း အပ်ပေါက်ငယ်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

"ခေါင်းဆောင်ချန်းက တိုင်ကြားသူကိုမေးခဲ့တာ၊ သားကောင်ရဲ့အဝတ်အစားတွေက ပျောက်သွားတုန်းက သူ့မိန်းမဝတ်ထားတဲ့အဝတ်အစားနဲ့အတူတူပဲလို့ ပြောခဲ့လို့" စုမင်သည်လည်း အဆိုပါ အပ်ပေါက်ငယ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို ၎င်း၏ကင်မရာဖြင့် မှတ်တမ်းတင်ခဲ့သည်။

"အဝတ်အစားကြောင့် သေဆုံးသူနာမည်ကို ဖော်ထုတ်နိုင်ခဲ့တာပေါ့?" ယင်ထောင် သည် သေဆုံးသွားသူ၏ အနည်းငယ် ရောင်ရမ်းနေသော မျက်နှာကို ကြည့်ကာ သူမ၏ မျက်နှာအသွင်အပြင်သည် ရုပ်ဆိုးရုံသာမက အနည်းငယ် သဘာဝမကျတာ ခံစားမိသည်။

"အဝတ်အစားပဲမဟုတ်ဘူး၊ တိုင်ကြားသူက သူမက သူ့ဇနီးမဟုတ်ပေမဲ့ မွေးရာပါအမှတ်အစားကိုတွေ့လို့..လို့ပြောတယ်" စုမင်က အမျိုးသမီးအလောင်း၏ ဘယ်ဘက်လက်မောင်းတွင် နက်မှောင်သော မွေးရာပါအမှတ်အသားကို ညွှန်ပြသည်။

"တိုင်ကြားသူနဲ့ အတည်ပြုပြီးပြီလား?" ယင်ထောင် သည် သူတို့၏ မျက်နှာသွင်ပြင်သည်ဤမျှခြားနားရန် မဖြစ်နိုင်သည်ကို ခံစားမိသေးသည်။

"အတည်ပြုပြီးပြီ၊ ဒါက သူ့မိန်းမရဲ့ မွေးရာပါ အမှတ်အသားနဲ့ အတူတူပါပဲ။" စုမင်က အမျိုးသမီးအလောင်းရဲ့မျက်နှာကို ညွှန်ပြပြီး ယင်ထောင် ကိုမေးသည်။ "မင်း တစ်ခုခုမှားနေတာတွေ့လို့လား?"

ယင်‌ထောင် သည် သူမ၏ကောက်ချက်ကို ကိုယ်တိုင် မယုံပေမဲ့ စုမင်ကို သူမ၏အတွေးတွေကိုပြောပြသည်။ "သေဆုံသူက မသေဆုံးခင် ပလပ်စတစ်ဆာဂျရီလုပ်ခဲ့တာ ဖြစ်နိုင်တယ်"

စုမင် သည် မျှော်လင့်ထားသောအဖြေကိုကြားသောအခါ ခေါင်းညိတ်သည်။ "ပြီးတော့ ဒါက အလွန်ရူပ်ထွေးတဲ့ပလပ်စတစ်ဆာဂျာရီခွဲစိတ်မှုတစ်ခုပဲ"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now