Ch-55:နားလည်မှုလွဲခြင်း။
ဖန်ကျင်းက ပန်းကန်ပြားပေါ်သို့ ကြက်ဥကြော်ကို ချလိုက်၏။ "ငါ့အလုပ်ချိန်က မမှန်တော့၊ အချိန်မှန်မှန် မစားနိုင်ဘူးလေ၊ ဒါ့ကြောင့် ကိုယ်ဘာသာကိုယ်ချက်စားဖြစ်တယ်"
ယင်ထောင် ဖန်ကျင်းကို ကောင်းကောင်းနားလည်၏။ စုံထောက်များ သည် မကြာခဏ အရေးကြီးသောတာဝန်များ ပေးအပ်ခံရလေ့ရှိသောကြောင့် အချိန်မှန်မှန်စားဖို့မဖြစ်နိုင်ပေ။
"ဒါပေမဲ့ ရှင် ချက်ထားတာက အရသာရှိပုံပဲ" ယင်ထောင်က ဖန်ကျင်း အနောက်က ပန်းကန်ပြားပေါ်က ဟင်းကို အံ့အားသင့်ဖွယ်စိုက်ကြည့်နေ၏။ "အသားညှပ်ပေါင်မုန့်၊ ဆလပ်၊ ဖက်ထုပ်ကြော်....ရှင် ဘာလို့မနက်စာအတွက် ဒီလောက်ပြင်ထားတာလဲ?"
ဖန်ကျင်းက ပန်းကန်ပြားများကို ထမင်းစားစားပွဲဆီသို့ယူဆောင်လာသည်။ ဟမ်းစတားတစ်ကောင်နှင့်တူသော ယင်ထောင် ကိုကြည့်ရင်း ဖန်ကျင်း သူ့စိတ်ထဲတွင်ပြောမိတယ်။ 'မင်းရဲ့အစားစားချင်စိတ်ကို အရင်ကမြင်တွေ့ခဲ့ပြီးနောက်ပိုင်း မလောက်မှာစိုးလို့လေ'
"များများစား၊ ဒီနေ့ ငါတို့ စုံစမ်းရဦးမှာ" ဖန်ကျင်းက ဖျော်ရည်ကို ယင်ထောင်ကိုပေး၍ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်၏။
"ဒါဆို မယဉ်ကျေးတော့ဘူး!" ယင်ထောင် မနေ့ညက ဗိုက်ပြည့်သည်အထိ မစားခဲ့ရပေ။ အရမ်းအရသာရှိတဲ့ အစားအသောက်တွေကို မြင်လိုက်ရတော့ ဗိုက်က အော်သံထွက်လာ၏။ သူမ စားသောက်နေစဉ် ဖန်ကျင်း သူမကိုကြည့်နေသည့်အကြည့်အား သူမ သတိမထားခဲ့ပေ။
ဖန်ကျင်းက သူ့ရှေ့တွင် ပျော်ရွှင်နေသော ယင်ထောင်ကို ကြည့်ရင်း ချက်ချင်းကျေနပ်သွား၏။ သူမွေးမြူထားတဲ့ ဟမ်းစတားလေးဟာ အစာစားချင်စိတ်ရှိပြီး အရမ်းကျန်းမာနေပုံပဲ။
ယင်ထောင် ရှေ့တွင် ထိုင်နေသဖြင့် သူ့အစာ စားချင်းစိတ်လည်း များစွာတိုးတက်လာခဲ့တော့သည်။စားသောက်နေစဉ် တစ်ဝက်လောက်မှာ ဒစ်ဂျစ်တယ်သော့ဖွင့်သံကြားလိုက်ရတယ်။
ဖန်ကျင်း ရင်းနှီးသောအသံကိုကြားသောအခါ အံ့ဩသွားသည်။
"ဖန်ကျင်း၊ မင်း ဒီတခေါက်တော့ ငါ့ကို ကျေးဇူးတင်ရမယ်!" လင်းကျားက လက်ထဲတွင် မိတ္တူကူးထားသော စာရွက်တစ်ရွက်ကိုကိုင်ကာ ဧည့်ခန်းထဲသို့လျှောက်လာတယ်.
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.