Ch-50 : တိုက်ခိုက်ခြင်း။

646 69 1
                                    


Ch-50 : တိုက်ခိုက်ခြင်း။

"ဘယ်သူမှမသေသရွေ့ အရေးမကြီးဘူး" ကျင်းချန်းက ကူရာမဲ့လျက် ခေါင်းခါတယ်။သူက အသံကိုလျှော့၍ ဖန်ကျင်းကိုပြော၏။ "လမ်းကြားမှာ တစ်ယောက်ယောက် သေသွားရင်တောင် ဖုံးကွယ်ထားလို့ရတယ်။ မှောင်ခိုဈေးက လမ်းကြားတွေမှာ လူတွေအများကြီးထားထားတယ်လို့ ငါကြားတယ်၊ မင်းရဲ့စုံထောက်အဖွဲ့က အဲအရာတွေမပေါက်ကွဲမချင်း အာရုံစိုက်မှာမဟုတ်ဘူး။"

ဖန်ကျင်း၏အကြည့် ကျင်းချန်းထံသို့ကျရောက်သွား၏။ "မင်း သူတို့နဲ့ဝေးဝေးနေတာအကောင်းဆုံးပဲ၊ အနာဂတ်မှာ ငါတို့စီးနင်းမှုတွေလုပ်တဲ့အခါ မင်းဆီ ငါ ပြေးမလာချင်ဘူး"

ကျင်းချန်းက ကျောကို တည့်တည့်မတ်မတ်ထားပြီး ပြုံးရင်း ခေါင်းခါ၏။သူက ရှင်းပြ၏။ "ငါနဲ့ဘာမဆိုင်ဘူး၊ ကောလဟာလပဲကြားတာ၊ခေါင်းဆောင်ဖန်က ဆုရဖို့ ငါ့ကိုဖမ်းချင်ပေမဲ့ မင်းမှာ အခွင့်အရေးမရှိဘူး"

ယင်ထောင်က ကျင်းချန်းကို စိုက်ကြည့်နေ၏။ ကျင်းချန်းသည် မူရင်းဝတ္ထုတွင် သံသယဖြစ်ဖွယ်လူနေမှုပုံစံကို ဦးဆောင်ခဲ့သော်လည်း သူသည် တရားမဝင်သောအရာများ ကို အမှန်ပင်မလုပ်ဆောင်ခဲ့ပေ။

!!

"ဘာလို့လဲ?ညီမလေးရှောင်ထောင်လည်း ကိုယ့်ကိုဖမ်းချင်လို့လား?" ကျင်းချန်း၏အပြုံးသည် လှည့်စားလွန်း၏။ သူက ယင်ထောင် အနားသို့ယိုင်ကျလာကာ တိုးတိုးလေးပြော၏။ "မင်း ကိုယ့်ကိုဖမ်းချင်ရင် မင်းမှာ အခွင့်အရေးရှိပါတယ်ဗျာ"

ကျင်းချန်း၏စကားကြောင့် ယင်ထောင် ရင်ခုန်သွား၏။သူမ အားတင်းပြုံးပြလိုက်၏။ရုတ်တရက်ပင် မဝေးသောနေရာမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဆံပင်ရွှေရောင်နှင့် ပိန်လှီသောလူငယ်ကြားတွင် အငြင်းအခုံ ကြီးထွားလာခဲ့တယ်။ ဆံပင်ရွှေရောင်သည် ကုလားထိုင်ပေါ်မှ ကန်ချလိုက်ပြီး ပိန်ပိန်ပါးပါး လူငယ်လေးမှာ အလွန်ထိတ်လန့်ကာ ငိုလုမတတ် ဖြစ်နေ၏။

"သွားစို့၊ကျုလင်း ဒီကိစ္စကို ဖြေရှင်းတော့မယ်" ဟော့ပေါ့ စားသောက်ဆိုင်ပိုင်ရှင် ကျုလင်း ပြေးလာသည်ကို ရှီဖန် မြင်လိုက်သည်။ ဒီကိစ္စ ကြီးထွားလာမည်ကို စိုးသောကြောင့် သူ့ဆီသို့လျှောက်လာကြသည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now