Ch-72 : ချန်ဖေး။"ဟုတ်တယ်၊ ခေါင်းဆောင်ချန်းလည်း အဲလိုထင်တာပဲ၊ မှောင်ခိုဈေးကွက်ကလူတွေက အလွန်သတိရှိတယ်၊ သူတို့ကိုယ်သူတို့ လုံးဝစွန့်စားမှာမဟုတ်ဘူး။ သိနေရင်တောင်မှ သူတို့ကို တရားစွဲလို့ မရဘူး။" ထိုသို့ပြောပြီးနောက် ပိုင်လော် ကျယ်လောင်စွာ သန်းဝေ၏။
"ခဏလောက် အိပ်လိုက်ဦး၊ အခု ရဲစခန်းမှာ လုပ်စရာတွေက များလွန်းတယ်။ ငါ ခေါင်းဆောင်ချန်း ဆီသွားပြီး ကူညီပေးနိုင်မလား သွားကြည့်လိုက်ဦးမယ်" ယင်ထောင်က ပိုင်လော်အတွက် တံခါးပိတ်ပေးပြီး အိပ်ဆောင်မှ ထွက်လာခဲ့သည်။
ရဲစခန်းရဲ့ အငွေ့အသက်က တင်းမာနေလေ၏။ ရဲအရာရှိများအားလုံး ပြာယာခက်နေကြသည်။ ဘယ်သူမှ အပျင်းမထူရဲကြပေ။
"ခေါင်းဆောင်ချန်း!" ယင်ထောင် သည် ထောက်လှမ်းရေးအခန်းမှ ခေါင်းဆောင်ချန်းကို လှမ်းမြင်သောအခါ သူ့ထံသို့ အမြန်လျှောက်လာသည်။
"ရှောင်ယင်" ခေါင်းဆောင်ချန်းက ယင်ထောင်ကို မြင်သောအခါ အားတင်း၍ပြုံးသော်လည်း ပင်ပန်းနေလေသည်။ "ဘာဖြစ်လို့လဲ?"
"ခေါင်းဆောင်ချန်း၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦး" ယင်ထောင်ကသူဘယ်လောက် မွဲခြောက်ခြောက်ကို မြင်လိုက်တာနဲ့ သူ့ကို ကြင်နာစွာ သတိပေးတယ်။
"ဟူး.. ငါလည်း မတက်နိုင်ဘူး၊ သဲလွန်စ က နည်းလွန်းတယ်၊ နဲနဲချင်းစီ စုံစမ်းရမယ်။ အမှုအခင်းတွေများလေလေ ဒုက္ခများလေလေပဲ" ခေါင်းဆောင်ချန်း သည် ပျောက်ဆုံးနေသူတွေ၏အချက်အလက်များကို လက်ထဲတွင် ကိုင်ထားသည်။ နောက်ပိုင်းတွင် သက်သေများကို ရှာဖွေရသေးသည်။
"ခေါင်းဆောင်ဖန် ဘယ်မှာလဲ?" ယင်ထောင် လှည့်ကြည့်ပေမဲ့ ဖန်ကျင်းနဲ့ကျဲယုကို မမြင်မိပေ။
"ခေါင်းဆောင်ဖန်က ထွက်ဆိုချက်တွေကို မှတ်တမ်းတင်ဖို့ ရဲစခန်းကိုသွားတယ်" ခေါင်းဆောင်ချန်းက ယင်ထောင် မျက်ဝန်းပြူးကျယ်သွားပြီး အံ့အားသင့်နေသည်ကို တွေ့လိုက်တယ်။
"သူက ဆံပင်ရွှေရောင်၊ကျုံးနန်ကို သွားရှာတာများလား?"
"ဟုတ်လောက်တယ်၊ ဖန်ကျင်း ကျုံးနန်နဲ့စန်းဖန်တို့ အချင်းချင်း အဆက်အသွယ်လုပ်ခဲ့တဲ့ အထောက်အထားကိုတွေ့ရှိခဲ့တယ်၊ အခု သူ ကျုံးနန်ကနေ စတင်ဖို့ ကြိုးစားနေတယ်၊ စန်းဖန် ငှားထားတဲ့အိမ်ထဲက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ ကျုံးနန်နဲ့ဆက်စပ်နေတယ်လို့ခေါင်းဆောင်ဖန်က သံသယရှိနေတာ" ခေါင်းဆောင်ချန်း စကားပြောပြီးသောအခါ သူ့အိတ်ကပ်ထဲက ဖုန်းမြည်လာတယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomantizmAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.